မုန်တိုင်းဝင်ပြီး ရေကြီးရေလျှံမှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် ထိတ်လန့်စရာအခြေအနေနဲ့ကြုံတွေ့နေရတဲ့ တရုတ်ပြည်သူတွေရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/46/46cd0698462a439f113d4cf5453c00dadba3a537.jpg
နေ့စဉ်သတင်းများ

 ၂၁-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

မုန်တိုင်းဝင်ပြီး ရေကြီးရေလျှံမှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် ထိတ်လန့်စရာအခြေအနေနဲ့ကြုံတွေ့နေရတဲ့ တရုတ်ပြည်သူတွေရဲ့ဗီဒီယိုဖိုင်

အခုချိန်မှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပွားနေပြီး နေ့စဥ်နဲ့အမျှ ပြည်သူတွေ အသက်ဆုံးရှုံးနေရတာ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံမှာဆိုရင်လည်း မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်းမှာ လေမုန်တိုင်းတိုက်ခတ်ပြီး စံချိန်တင်မိုးရွာသွန်းခဲ့ပြီးနောက် မြို့တော်ရှောင်ကျိုးအပါအဝင် ဟန်နယ်ပြည်နယ်အတွင်းက မြို့တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ယခုလက်ရှိ လူမှုကွန်ယက်စာမျက်နှာထက်မှာဆိုရင်လည်း တရုတ်နိုင်ငံမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ မြင်ကွင်းဗီဒီယိုတွေက ပျံ့နှံ့နေတာ တွေ့ရပါတယ်။ ဒီဗီဒီယိုဖိုင်တွေအရ တရုတ်နိုင်ငံအလယ်ပိုင်းက မြို့တစ်ချို့မှာ လမ်းမပေါ်တွေအထိ ရေတွေဖုံးလွှမ်းပြီး ကားတွေနဲ့လူတွေ နစ်မြုပ်နေတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။ တရုတ်ရေဘေးကြောင့် လူ (၁၂)ဦးခန့်သေဆုံးပြီး လူပေါင်းသိန်းချီ ခန့် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရကြောင်း နိုင်ငံတကာသတင်းမီဒီယာတွေမှာ ဖော်ပြထားတာလည်း တွေ့ရပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

တစ်ချို့တွေနေရာတွေမှာဆိုရင် ရေစီးနဲ့အတူ လူတွေမျောပါသွားတာမျိုးတွေရှိသလို ရေကြီးရေလျှံမှုကြောင့် မြေအောက်ရထားမှာ လူတွေပိတ်မိနေလို့ ကယ်ထုတ်နေရတာလည်း တွေ့ရပါတယ်။ တရုတ်ပြည်သူတွေကတော့ အခုချိန်မှာ ထိတ်လန့်စရာကောင်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ် ။ တရုတ်နိုင်ငံအလယ်ပိုင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတဲ့ မြင်ကွင်းဗီဒီယိုဖိုင်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Video Credit-Original Uploader

https://s9.kh1.co/__image/w=650,h=384,q=100/71/71ac6792a6dbd287ae0734977b6c21ef04fb4228.jpeg

(ဗီဒီယိုကြည့်ရန်အတွက် အောက်ပါလင့်ကို ပုံထဲကအတိုင်း Select လုပ်ပါ။ ပြီးလျှင် ‌ပေါ်လာသည့် Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကိုနှိပ်၍ ကြည့်ရှုနိုင်ပါသည်။ )

https://www.facebook.com/106559704436097/posts/335152401576825/?app=fbl

https://www.facebook.com/106559704436097/posts/335152751576790/?app=fbl

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T