Facebook ပြန်စသုံးတဲ့နေ့မှာပဲ အသိမိတ်ဆွေတွေ ဆုံးပါးသွားတဲ့ သတင်းတွေကို ဝေမျှရတဲ့အတွက် ယူကြုံးမရ ဝမ်းနည်းနေတဲ့ အေသင်ချိုဆွေ

//s9.kh1.co/89/895e4c817dcfa6b76b62368dbd6222ed1432d05b.jpeg
အနုပညာရှင်များ

 ၂၁-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီရက်ပိုင်းတွေမှာ ကပ်ရောဂါဆိုးကျိုးတွေကြောင့် အသက်အန္တရာယ်ဆုံးရှုံးရသူတွေများစွာ ရှိနေကြပါတယ်။ ကွယ်လွန်သွားသူများအား လူမှုရေးအရတောင် နာရေးလိုက်ပို့ခွင့်မရတဲ့ အခြေအနေဟာ တော်တော်လေးကိုဝမ်းနည်းစရာကောင်းလှပါတယ်။  ဒီအခြေအနေဆိုးကြီးကို အမြန်ဆုံးပြီးဆုံးသွားစေဖို့ ပြည်သူများအားလုံးက ဆုတောင်းနေကြတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader

အဆိုတော် အေသင်ချိုဆွေကလည်း Facebook ပြန်စသုံးတဲ့နေ့မှာပဲ အသိမိတ်ဆွေတွေ ဆုံးပါးသွားတာတဲ့ သတင်းကို တင်ရတဲ့အတွက်  ယူကြုံးမရ ဝမ်းနည်းနေတဲ့အကြောင်းကို သူမရဲ့ လူမှုကွန်ယက်တွင်ရေးသားထားပါတယ်။သူမအရမ်းချစ်ရတဲ့ မိတ်ဆွေတစ်ဦး ဆုံးပါးသွားတာကို မိခင်ဖြစ်သူက ပြောပြသော်လည်း အခုထိ မယုံနိုင်သေးတဲ့အကြောင်းကို ရင်ဖွင့်ရေးသားထားပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က ချစ်ခင်ရတဲ့သူတွေကို ဆုံးရှုံးရတဲ့အတွက် စိတ်ထဲမှာ အတော်လေးကို ဝမ်းနည်းခံစားနေရပြီး ဘယ်လိုမှ အဆင်မပြေဖြစ်နေကြောင်းကိုလည်း ပြောပြထားပါတယ်။

Photo Crd-Athen Cho Swe’s Facebook Account 
Photo Crd-Athen Cho Swe’s Facebook Account 
Photo Crd-Athen Cho Swe’s Facebook Account 
Photo Crd-Athen Cho Swe’s Facebook Account 

အေသင်ဟာ လူထုလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရပြီး မကြာခင်မှာဘဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ အကျဉ်းထောင်ထဲတွင် ရက်အနည်းငယ် နေထိုင်ခဲ့ရပြီး  ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့်လည်း ဆိုရှယ်မီဒီယာများ အသုံးမပြုဘဲ အချိန်အတော်ကြာ နေနေခဲ့တာပါ။Facebook ပြန်စသုံးဖြစ်တဲ့နေ့မှာပဲ သူမရဲ့အကောင့်တွင် အခုလို နာရေးသတင်းဝေမျှပေးခဲ့ရတာကို စိတ်မကောင်းဖြစ်ခဲ့ရတာပါ။ ပြည်သူတွေအားလုံးလည်း ကပ်ရောဂါဆိုးကြီးကနေ အမြန်ဆုံးကင်းလွတ်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Athen Cho Swe’s Facebook Account and Original Uploader

Photo Crd-Athen Cho Swe’s Facebook Account 
Photo Crd-Athen Cho Swe’s Facebook Account 
Photo Crd-Athen Cho Swe’s Facebook Account 
Photo Crd-Athen Cho Swe’s Facebook Account 
Photo Crd-Athen Cho Swe’s Facebook Account 
Photo Crd-Athen Cho Swe’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T