နောက်ဆုံးအချိန်ထိ အသက်ရှင်ဖို့ Volunteersတွေက ကြိုးစားပေးခဲ့သော်လည်း ပျံလွန်တော်မူသွားရှာတဲ့ ဂျလန်းကျွန်းဆရာတော်ဘုရားကြီးရဲ့ ဗီဒီယို

//s9.kh1.co/b1/b1d4dfba138d93d48d17dbf1b755cbd1abfb7f73.jpg
နေ့စဉ်သတင်းများ

 ၂၁-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

နောက်ဆုံးအချိန်ထိ အသက်ရှင်ဖို့ Volunteersတွေက ကြိုးစားပေးခဲ့သော်လည်း ပျံလွန်တော်မူသွားရှာတဲ့ ဂျလန်းကျွန်းဆရာတော်ဘုရားကြီးရဲ့ ဗီဒီယို

ကိုဗစ်တတိယလှိုင်းဒဏ်ကို မြန်မာပြည်သူတွေအပြင် သံယာတော်အများအပြားလည်းခံစားနေရပြီး ကိုဗစ်ရောဂါကူးစက်မှုကြောင့် ဘုန်းတော်ကြီးတစ်ချို့ ပျံလွန်တော်မူသွားခဲ့ပါတယ်။ Julyလ(21)ရက်နေ့ ယနေ့နေ့လည်မှာတော့ ဂျလန်းကျွန်း ဆလုံသာသနာပြု ဆရာတော် အရှင်ကုသလဇောတိဟာ ကိုဗစ်ရောဂါကြောင့် ဆေးကုသမှုခံယူရင်း ပျံလွန်တော်မူသွားခဲ့ပါတယ်။ဂျလန်းကျွန်းဆရာတော်ဘုရားကြီးဟာ ကိုဗစ်ရောဂါကူးစက်မှုကြောင့် အသက်ရှူမဝဖြစ်ပြီး ကံကုန်သွားခဲ့ကာ ဗုဒ္ဓဘာသာရဲ့ကြယ်တစ်ပွင့်ဆုံးရှုံးသွားခဲ့ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဂျလန်းကျွန်းဆရာတော်ဘုရားကြီးဟာ Julyလ(5)ရက်နေ့က ကိုဗစ်ရောဂါကူးစက်ခံခဲ့ရလို့ အောက်ဆီဂျင်ပေးထားရပြီး ဒါယကာတွေက ပြုစုပေးနေရင်း အခုလိုကံကုန်တော်မူသွားခဲ့တာဖြစ်ပါတယ်။ ဆရာတော်အရှင်ကုသလဇောတိဟာ ဗုဒ္ဓဘာသာပြန့်ပွားအောင် အစွမ်းကုန်ကြိုးစားပေးခဲ့တဲ့ ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး မြိတ်မြို့က ပြည်သူအများအပြားရဲ့ လေးစားကြည်ညိုခြင်းကို ခံထားသူဖြစ်ပါတယ်။ ဂျလန်းကျွန်းဆရာတော်ကြီးဟာ လူသူဝေးလံတဲ့အရပ်ဒေသကပြည်သူတွေကို နတ်ကိုးကွယ်မှုကနေ ဗုဒ္ဓဘာသာလမ်းစဉ်တစ်ခုအပေါ် ရောက်ရှိလာအောင် လမ်းညွှန်ပြသပေးခဲ့တဲ့ ဆရာတော်ကြီးတစ်ပါးပဲဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဂျလန်းကျွန်းဆရာတော်ကြီးရဲ့ ပျံလွန်တော်မူသွားတဲ့သတင်းဟာ မြန်မာပြည်သူတွေကို စိတ်ထိခိုက်ဝမ်းနည်းစေခဲ့ပြီး ဗုဒ္ဓဘာသာဝင်တွေနဲ့ ဆလုံလူမျိုးတွေအတွက်လည်း အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်ခဲ့ပါတယ်။ ရင်းနှီးခဲ့ရတဲ့ ဘုန်းဘုန်းတစ်ပါးက "နောင်တော်ကြီး(ဂျလန်းကျွန်းဆရာတော်) ပျံလွန်တော်မူပြီတဲ့၊ကံသုံးပါးနဲ့ ပြစ်မှားမိခဲ့သည်ရှိသော် ရှိခိုးကန်တော့ပါသည်ဘုရား၊ ကောင်းရာသုဂတိလားပါစေဘုရား " ဆိုပြီး စိတ်မကောင်းဖြစ်မိကြောင်း ရေးသားထားပါတယ်။ နောက်ဆုံးချိန်အထိ အသက်ရှင်ဖို့Volunteersတွေက ကြိုးစားပေးခဲ့သော်လည်း ပျံလွန်တော်မူသွားတဲ့ ဂျလန်းကျွန်းဆရာတော်ဘုရားကြီးရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T