Dead Body တွေ တစ်နေကုန်သယ်နေရတာကြောင့် ညစာကို လမ်းဘေးမှာပဲ အစာပြေပေါင်မုန့်စားပြီး ကျော်ဖြတ်ခဲ့ရတဲ့ ပရဟိတသူရဲကောင်းများ

//s9.kh1.co/6c/6c858f0fd1aa672c4d2cde6368e1c2bd0ea12960.jpeg
နေ့စဉ်သတင်းများ

 ၂၁-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လူမှုကယ်ဆယ်ရေးအသင်းများမှ စေတနာ့ဝန်ထမ်းများဟာ ကိုဗစ်ရောဂါကြောင့် ကွယ်လွန်သွားကြတဲ့ dead body များကို သုဿာန်များသို့ နေ့စဉ်နဲ့အမျှ သယ်ယူပို့ဆောင်ပေးနေကြရတာ ဖြစ်ပါတယ်။ တစ်နေကုန် PPE ဝတ်စုံကိုဝတ်ဆင်ထားရတာကြောင့် အသက်ရှုကြပ်ပြီး အောက်ဆီဂျင်ပေးရတဲ့အထိ ဖြစ်နေကြတာကိုလည်း စိတ်မကောင်းစရာ မြင်တွေ့နေရပါတယ်။  Dead body များအား အရင်လို သုဿာန်များတွင် စုပုံထားလို့ မရတော့ဘဲ အပြီးအစီးသဂြိုလ်ပြီးမှသာ နောက်ထပ်အလောင်းတွေ သွားသယ်ရတဲ့အတွက် ပိုပြီး စိတ်ပင်ပန်းနေကြရတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

မကြာသေးခင် ရက်ပိုင်းလောက်က ပရဟိတလုပ်ဆောင်နေတဲ့ ပြည်သူတစ်ဦးမှ သူ့ရဲ့ လူမှုကွန်ယက်တွင် သူတို့ဖြတ်သန်းနေတဲ့ အခြေအနေတွေကို ဓာတ်ပုံရိုက်ပြီး ပြသလာတာ ဖြစ်ပါတယ်။ ဒါကတော့ Dead Body တွေတစ်နေကုန်သယ်နေရတာကြောင့် ညစာကို လမ်းဘေးမှာပဲ အစာပြေပေါင်မုန့်စားပြီး ကျော်ဖြတ်ခဲ့ရတဲ့ ပုံရိပ်လေးတွေ ဖြစ်ပါတယ်။ မနက်စာကိုလည်း လက်ဖက်ထမင်းဖြင့်သာ နှစ်ပါးသွားခဲ့ရပြီး ညနေအထိ ရေဝေးကနေ မပြန်ရသေးတဲ့အကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

အကူအညီတောင်းတာတွေကိုလည်း ကိုယ်ချင်းစာပေမယ့်လည်း ခံနိုင်ဝန်တစ်ခုအပြင် ပိုမထမ်းနိုင်တဲ့အတွက်နားလည်ပေးကြဖို့ တောင်းဆိုထားကြတာ ဖြစ်ပါတယ်။ ဒီကာလကြီးမှာ အများအကျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲကူညီဆောင်ရွက်ပေးနေကြတဲ့ ပရဟိတသမားများဟာ တကယ်ကို လေးစားဂုဏ်ယူစရာကောင်းလှပါတယ်။ ကပ်ဆိုးကြီးဘေးကနေ အားလုံးကျော်ဖြတ်ကြဖို့အတွက် ကျန်းမာစွာနေထိုင်စားသောက်ကြဖို့ တိုက်တွန်းရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T