ဗိုက်ဆာလို့ထမင်းဝယ်တာကို မရောင်းဘူးဆိုပြီး အပြောခံလိုက်ရတဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ရင်ဖွင့်လာတဲ့ ပရဟိတသမားတစ်ဦး

//s9.kh1.co/ce/ce12f2fc2909f9d17e86cd84346df822157c67c5.jpg
နေ့စဉ်သတင်းများ

 ၂၁-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဗိုက်ဆာလို့ထမင်းဝယ်တာကို မရောင်းဘူးဆိုပြီးအပြောခံလိုက်ရတဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ရင်ဖွင့်လာတဲ့ ပရဟိတသမားတစ်ဦး

ယခုလက်ရှိ ကိုဗစ်တတိယလှိုင်းမှာတော့ ပြည်သူကပြည်သူကို အပြန်အလှန်ကူညီပြီး ရှေ့ဆက်နေရတာပဲ ဖြစ်ပါတယ် ။ အိမ်တစ်အိမ်မှာ မိသားစုလိုက် ကိုဗစ်ကူးစက်ခံရပြီဆိုတာနဲ့ အလံထောင်ပြီး အကူအညီတောင်းရုံနဲ့တင် ပြည်သူတွေက လိုအပ်တာတွေပို့ပေးနေကြတာ ဖြစ်ပါတယ် ။ ထို့အတူ ပရဟိတသမားတွေကလည်း သူတို့ရဲ့အသက်ကိုတောင်ရင်းပြီး ကိုဗစ်ကူးစက်ခံရတဲ့လူနာတွေကို ဖေးမကူညီပေးနေကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-Thura Aung's FB Acc
Photo Credit-Thura Aung's FB Acc
Photo Credit-Thura Aung's FB Acc
Photo Credit-Thura Aung's FB Acc

ပဲခူးမြို့ရှိ သကျနွယ် လူမှုကူညီရေးအသင်းက ပရဟိတလူငယ်တစ်ဦးကတော့ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ရင်ဖွင့်လာခဲ့ပါတယ်။ သူက Positive လူနာသီးသန့်ပို့ဆောင်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်ပြီး ပြည်သူတွေကို ကူညီနေတာ ဖြစ်ပါတယ် ။ မနေ့ကတော့ သူတို့အဖွဲ့က ဗိုက်ဆာလို့ ထမင်းဆိုင်ရှေ့မှာကားရပ်ပြီးဆင်းဝယ်တာကို ဆိုင်ရှင်က ကြောက်လို့မရောင်းရဲဘူးဆိုပြီးပြောတာ ခံလိုက်ရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Thura Aung's FB Acc
Photo Credit-Thura Aung's FB Acc
Photo Credit-Thura Aung's FB Acc
Photo Credit-Thura Aung's FB Acc
Photo Credit-Thura Aung's FB Acc
Photo Credit-Thura Aung's FB Acc

ထမင်းရော ဟင်းပါအများကြီးရှိပေမယ့်လည်း သူတို့ကို မရောင်းရဲဘူးပြောတာကြောင့် တစ်ဖွဲ့လုံး ဘာလုပ်ရမှန်းမသိဖြစ်ပြီး အခက်ကြုံခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ပါဆယ်လေးတော့ ရောင်းပေးပါဆိုပြီး ဆိုင်ပိုင်ရှင်ကို တောင်းတောင်းပန်ပန်နဲ့ ဝယ်ခဲ့ရပုံကို အဲ့ဒီလူငယ်လေးက ရင်ဖွင့်ပြောပြထားတာ ဖြစ်ပါတယ် ။ သူတို့အနေနဲ့လည်း ကိုယ့်စရိတ်ကိုယ်စားပြီး ပြည်သူတွေကို ကူညီပေးနေတဲ့ ပရဟိတသမားတွေဖြစ်တာကြောင့် "ကျွန်တော်တို့လည်း အသက်အပိုမပါပါဘူးဗျာ...အသက်တွေရင်းပြီးကူညီပေးနေကြတာပါ... ပြန်ကူညီပေးကြပါလို့ ပြောပါရစေ...." ဆိုပြီး တောင်းဆိုထားတာ တွေ့ရပါတယ်။

Source & Photo Credit-Thura Aung's FB Acc

Photo Credit-Thura Aung's FB Acc
Photo Credit-Thura Aung's FB Acc
Photo Credit-Thura Aung's FB Acc
Photo Credit-Thura Aung's FB Acc
Photo Credit-Thura Aung's FB Acc
Photo Credit-Thura Aung's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T