အလံအဖြူလေးထောင်ကာ အကူအညီ တောင်းခံနေရှာတဲ့ အဖိုး အဖွား (၂) ဦးရဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်

//s9.kh1.co/2f/2fac0f1afcbe2915aeecb64410a2efb265717b2c.jpeg
နေ့စဉ်သတင်းများ

 ၂၁-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

ကိုဗစ်ရောဂါကူးစက်ခံရလို့ ဒုက္ခရောက်နေသူတွေ အခက်ကြုံနေရသူတွေ ဒီရက်ပိုင်းများစွာတွေ့လာရပါတယ် ။ တစ်ချို့ဆို တစ်အိမ်သားလုံးကူးစက်ခံနေရတာတွေလည်း ရှိနေတာကြောင့် အပြင်လည်း ထွက်မရတဲ့ အခြေအနေမှာ အစားအသောက် ၊ ဆေးဝါးအကူ စတာတွေ လိုအပ်ကြမှာ အမှန်ပါပဲ ။ ဒါကြောင့် ပြည်သူတွေက အစားအသောက်အကူလိုရင် အလံဖြူလေးထောင်ခိုင်းပြီး ဆေးဝါးအကူလိုပါက အလံအဝါလေးထောင်ခိုင်းတာတွေ လုပ်လာကြတာတွေ့ရပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader

ခုဆိုရင် အကူအညီလိုလို့  အလံတွေ ထောင်ထားတဲ့ အိမ်တွေ များစွာရှိလာတာကို တွေ့ရပါတယ် ။ အနီးပတ်ဝန်းကျင်က ပြည်သူတွေကလည်း မြင်တာနဲ့ သွားရောက်ကာ တတ်နိုင်သလောက် ကူညီမှုတွေ ပြုလုပ်ပေးနေကြတာ တကယ်ကို လေးစားစရာပါပဲ ။ မနေ့ကဆိုရင်လည်း အဖိုး၊ အဖွား နှစ်ယောက်ထဲနေတဲ့ အိမ်ရှေ့မှာ အလံအဖြူလေးထောင်ကာ အစားအသောက်လိုအပ်ကြောင်း အကူအညီတောင်းခံထားတာကို အနီးနားအိမ်က ပုံလေးရိုက်ကာ ဖော်ပြထားတာကို တွေ့ရပါတယ်။ 

Photo Credit : Original Uploader
Photo Credit : Original Uploader

တကယ်ကို စိတ်မကောင်းစရာ မြင်ကွင်းတွေပါပဲ ။ အသက်အရွယ်အရ လမ်းလည်း မလျှောက်နိုင် နေမကောင်းဖြစ်နေချိန်မှာ သက်ကြီးရွယ်အို နှစ်ယောက်ထဲ ဘယ်လိုတောင် အခက်ကြုံနေရမလည်းနော် ။ အဖိုးအဖွားရဲ့ နေထိုင်ရာ လိပ်စာကတော့ - ယုဇနဥယျာဉ်မြို့တော် ၁၁ လမ်း (အေ) တိုက် (၁၆) အခန်း ၃၀၁" ဖြစ်တယ်လို့ ပို့စ်ပိုင်ရှင် ပြည်သူတစ်ဦးက ကူညီလို့ရအောင်ရေးသားဖော်ပြထားပါသေးတယ် ။ ပရိသတ်ကြီးအတွက် အဖိုး ၊ အဖွားရဲ့ စိတ်မကောင်းစရာ အဖြစ်လေးကို ပြန်လည်ဝေမျှပေးရင်း အမြန်အဆင်ပြေပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T