အရေးပေါ်လိုအပ်နေတဲ့ အောက်ဆီဂျင်ကိုအပြင်ထွက်ရှာပေးရင်း ညိုမဲစွဲဒဏ်ရာရတဲ့အထိ စတီးကြိုးနဲ့ ရိုက်နှက်စစ်မေးတာခံလိုက်ရတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/a2/a250041733b416069f3738457cdba6e4dbe3c2e7.jpg
နေ့စဉ်သတင်းများ

 ၂၁-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အရေးပေါ်လိုအပ်နေတဲ့ အောက်ဆီဂျင်ကိုအပြင်ထွက်ရှာပေးရင်း ညိုမဲစွဲဒဏ်ရာရတဲ့အထိ စတီးကြိုးနဲ့ ရိုက်နှက်စစ်မေးတာခံလိုက်ရတဲ့ ပြည်သူတစ်ဦး

ကိုဗစ်ရောဂါကူးစက်မှုတွေက တစ်နေ့တစ်ခြားပိုမိုဆိုးရွားလာနေပြီး ပျောက်ကင်းသွားတဲ့လူနာတွေလည်းရှိပေမယ့် ကိုဗစ်ရောဂါကြောင့် သေဆုံးသူတွေဟာလည်း နေ့စဥ်နဲ့အမျှတိုးလာနေပါတယ်။ အသက်ရှူကြပ်လူနာတွေ၊ကိုဗစ်ကူးစက်ခံထားရတဲ့လူနာတွေဟာ အချိန်မရွေးအောက်ဆီဂျင်လိုအပ်ကြတာကြောင့် မိသားစုဝင်တွေ၊ပရဟိတသမားတွေဟာ နေ့ညမရွေးအောက်ဆီဂျင်ထွက်ရှာပေးရတာမျိုး၊အောက်ဆီဂျင်ဖြည့်ပေးတဲ့ဆိုင်တွေမှာတန်းစီရတာမျိုးတွေရှိနေပါတယ်။ ယခုမှာတော့ မန္တလေးမြို့က အပြစ်မဲ့ပြည်သူတစ်ယောက်ဟာ အောက်ဆီဂျင်ထွက်ရှာရင်း သေနတ်နဲ့ဝိုင်းချိန်ခံရပြီး စတီးကြိုးနဲ့ ရက်ရက်စက်စက်ရိုက်နှက်တာခံလိုက်ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါပြည်သူက မိသားစုဝင်တစ်ယောက်အတွက် အောက်ဆီဂျင်အရေးပေါ်လိုအပ်တာကြောင့် ညနက်ကြီးမှာအောက်ဆီဂျင်ထွက်ရှာပေးရင်း အခုလိုရိုက်နှက်ပြီးစစ်ဆေးမေးမြန်းတာခံခဲ့ရတာဖြစ်ပါတယ်။အောက်ဆီဂျင်ထွက်ရှာပေးတာကို ရိုးရိုးတန်းတန်းမစစ်မေးဘဲ ညိုမဲစွဲဒဏ်ရာရရှိတဲ့အထိ ရိုက်နှက်စစ်မေးခဲ့တဲ့ အဆိုပါအဖြစ်အပျက်ကိုကြည့်ပြီး ပြည်သူတွေက စိတ်မကောင်းဖြစ်ကာ ဒေါသထွက်နေကြပါတယ်။ ရိုက်နှက်ခံခဲ့ရတဲ့ ပြည်သူတစ်ဦးရဲ့ သူငယ်ချင်းဖြစ်သူက ကိုယ့်မိသားစုအရေးပေါ်ဖြစ်နေချိန်မှာတောင် ဘာမှမလုပ်ပေးဘဲ အိမ်မှာဘဲထိုင်နေရမှာလားဆိုပြီး အဆိုပါအဖြစ်အပျက်ကို ဖွင့်ဟပြောပြလာခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ရိုက်နှက်ခံလိုက်ရတဲ့ ပြည်သူတစ်ဦးရဲ့ သူငယ်ချင်းဖြစ်သူက " မနေ့ညက မန်းလေးက ကျနော့် သူငယ်ချင်း သူ့မိသားစုအတွက် အောက်စီဂျင် အရေးပေါ်လိုလို့ ည (၁၂)ထွက်ရှာတာ မအလ တွေက လူလိုမေးမစစ်ဘူး သေနတ်တွေနဲ့ ဝိုင်းချိန်ပြီး စတီးကြိုးနဲ့ ရိုက်တာ ဘယ်လိုလုပ်ကြမလဲ.. ကိုယ့်မိသားစု တစ်ခုခု အရေးပေါ်ဖြစ်လာရင် ဒီအတိုင်း အိမ်ထဲကနေ ထိုင်ကြည့်နေရတော့မှာလား ဆဲချင်တာထက် ဆဲဖို့ နက်နဲတဲ့ စကားလုံးကိုရှာလို့မရတော့ဘူး "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ရိုက်နှက်စစ်မေးခံရမှုကြောင့် ကျောပြင်မှာညိုမဲစွဲဒဏ်ရာတွေရရှိသွားတဲ့ ပြည်သူတစ်ဦးရဲ့ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T