သားဖြစ်သူက တိုင်းပြည်တာဝန်ထမ်းဆောင်နေချိန်မှာ မိခင်ကကိုဗစ်ကူးစက်ခံရပြီး စစ်ရှောင်စခန်းမှာတင် ကွယ်လွန်သွားရတဲ့ ရင်နင့်စရာဖြစ်ရပ်

//s9.kh1.co/bf/bf6efb2569ff68f18b95bf6a3cda11780ae73d43.jpg
နေ့စဉ်သတင်းများ

 ၂၁-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သားဖြစ်သူက တိုင်းပြည်တာဝန်ထမ်းဆောင်နေချိန်မှာ မိခင်ကကိုဗစ်ကူးစက်ခံရပြီး စစ်ရှောင်စခန်းမှာတင် ကွယ်လွန်သွားရတဲ့ ရင်နင့်စရာဖြစ်ရပ်

တိုင်းပြည်ရဲ့အနာဂတ်အတွက် ရရာလက်နက်စွဲကိုင်ပြီး အာဏာရှင်ကိုတော်လှန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ပြည်သူ့ရဲဘော်တွေကတော့ သူတို့ချစ်ရတဲ့သူတွေနဲ့ ခွဲခွာခဲ့ရတာ ဖြစ်ပါတယ် ။ ဒါပေမဲ့ တစ်ချို့ရဲဘော်တွေခမျာ သူတို့ရဲ့မိသားစုဝင်တွေနဲ့ ရှင်ကွဲကွဲခဲ့ရတဲ့အပြင် သေကွဲပါကွဲခဲ့တဲ့ ဖြစ်ရပ်တွေလည်းရှိနေခဲ့တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၆) ရက်နေ့တုန်းကဆိုရင်လည်း ရှေ့တန်းက ရဲဘော်တစ်ဦးရဲ့မိခင်ဖြစ်သူက စစ်ဘေးရှောင်စခန်းမှာတင် ကိုဗစ်ကူးစက်ခံရပြီး ကွယ်လွန်သွားရှာတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

အဲ့ဒီရဲဘော်လေးကို သူ့ရဲ့မိခင်ကြီးက အစစအရာရာ နောက်ဆံမတင်းဖို့နဲ့ အာဏာရှင် သက်ဆိုးရှည်နေရင် နောက်မျိုးဆက်တွေအတွက် ရင်လေးနေရမယ်ဆိုပြီး မှာကြားခဲ့တာ ဖြစ်ပါတယ် ။ ပြည်သူ့ရဲဘော်တစ်ယောက်ဖြစ်သွားတဲ့ သားအတွက် အမြဲဂုဏ်ယူနေတဲ့ မိခင်ကြီးက နောက်ဆုံးမှာတော့ ကိုဗစ်ရောဂါဆိုးကြီးကြောင့် အောက်ဆီဂျင်ပြတ်လပ်ပြီး ဆုံးပါးသွားခဲ့ရပြီပဲ ဖြစ်ပါတယ် ။ အောက်ဆီဂျင်ဘူးဆိုတာတောင် မရှိတဲ့နေရာမှာ ရောဂါရဲ့ဒဏ်ကိုမခံနိုင်ဘဲ ကွယ်လွန်သွားတဲ့မိခင်ကြီးရဲ့သတင်းကြားပြီး အဲ့ဒီရဲဘော်လေးခမျာ ကြေကွဲခံစားနေရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

ရင်နင့်စရာကောင်းတဲ့ ဒီဖြစ်ရပ်လေးကတော့ ပြည်သူတွေကိုပါ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းစေခဲ့တာ ဖြစ်ပါတယ် ။တစ်နေ့ထက်တစ်နေ့ ပိုမိုကူးစက်ပျံ့နှံ့လာတဲ့ Covid-19 ရောဂါဆိုးရဲ့အန္တရာယ်ကြောင့် အခုဆိုရင် အသက်ဆုံးရှုံးလိုက်ရတဲ့ ပြည်သူတွေလည်း အများအပြားရှိနေခဲ့ပြီ ဖြစ်ပါတယ် ။ ကိုဗစ်ကြောင့် မိခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ ရှေ့တန်းက ပြည်သူ့ရဲဘော်တစ်ဦးရဲ့ဝမ်းနည်းစရာဖြစ်ရပ်အကြောင်းကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T