၄၅၀၀၀၀ပေးပြီး လူနာအတွက် ဝယ်လာတဲ့အောက်ဆီဂျင်အိုးကို မသင်္ကာလို့ဖောက်စစ်ကြည့်လိုက်ချိန်မှာ ရေနဲ့သံချေးတွေသာထွက်လာတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/8a/8a50ddccb25ddf955722792211ca001a6276dccd.jpeg
နေ့စဉ်သတင်းများ

 ၂၁-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

၄၅၀၀၀၀ပေးပြီး လူနာအတွက် ဝယ်လာတဲ့အောက်ဆီဂျင်အိုးကို မသင်္ကာလို့ဖောက်စစ်ကြည့်လိုက်ချိန်မှာ ရေနဲ့သံချေးတွေသာထွက်လာတဲ့ ဗီဒီယိုဖိုင်

ကိုဗစ်ရောဂါအခြေအနေကတော့ တစ်နေ့ထက်တစ်နေ့ အခြေအနေပိုဆိုးနေတာကြောင့် ပြည်သူလူထုလည်း အိမ်ထဲကအိမ်ပြင် သိပ်မထွက်ဘဲ ကာကွယ်နေကြရတာဖြစ်ပါတယ်။တစ်မိသားစုလုံး ကိုဗစ်ကူးစက်ခံရလို့ အခက်အခဲဖြစ်နေတဲ့အိမ်တွေကိုလည်း ရပ်ကွက်နေပြည်သူတွေက ဆေးနဲ့စားစရာတွေ ပို့ဆောင်ပေးကြတာဖြစ်ပါတယ်။လတ်တလောမှာတော့ အောက်ဆီဂျင်ကိုလည်း ကိုဗစ်လူနာတွေအတွက် မရမကရှာဖွေဝယ်ယူနေရတဲ့အခြေအနေပဲဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

အောက်ဆီဂျင်ပေးတဲ့နေရာမှာလည်း ပြည်သူတွေအများအပြားက တန်းစီပြီး စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။တချို့စီးပွါးရေးသမားတွေကလည်း ဒီကာလမှာတောင် အောက်ဆီဂျင်စျေးနှုန်းကို အဆမတန်မြှင့်တက်ပြီးရောင်းချနေတာကို ကြားသိရပါတယ်။အခုဆိုရင်တော့ ပြည်သူတစ်ဦးက ကိုဗစ်လူနာအတွက် အောက်ဆီဂျင်အိုးကို လေးသိန်းခွဲပေးဝယ်လာပြီး မသင်္ကာလို့ ဖောက်စစ်ကြည့်လိုက်တဲ့အခါ ရေနဲ့သံချေးတွေသာထွက်လာတာကိုတွေ့ရပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

ကိုဗစ်လူနာက အောက်ဆီဂျင်တစ်နာရီလောက်ပဲ ရှူရပြီး ကုန်သွားတာကြောင့် ဖောက်စစ်ကြည့်လိုက်တာဖြစ်ပါတယ်။အဲ့ဒီပြည်သူကတော့ အောက်ဆီဂျင်အိုးကို စက်ရုံတစ်ရုံက ဝယ်လာခဲ့တာဖြစ်ပါတယ်။ဒီလိုအောက်ဆီဂျင်မျိုးတွေကို လူနာရှူမိခဲ့လို့ သေဆုံးသွားခဲ့ရင် dead body က နှုတ်ခမ်းတွေပြာ၊အသားတွေပြာပြီး အဆုတ်ကွဲတယ်လို့ သိရပါတယ်။ဒါ့ကြောင့် တချို့စီးပွါးရေးသမားတွေရဲ့ လုပ်ရပ်ကို သတိထားရအောင်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ပြည်သူက ဗီဒီယိုရိုက်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ် တင်ပေးလာတာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T