နေ့မနားညမနားပန်းချီရေးဆွဲခဲ့လို့ မျက်စိတစ်ဖက်တိမ်ကျပြီး ကျန်းမာရေးမကောင်းဖြစ်နေကာ စားဝတ်နေရေးခက်ခဲနေရှာတဲ့ မုံရွာက ပန်းချီဆရာတစ်ဦး

//s9.kh1.co/33/3372a0cb8a207cd7a4c3f11c97f9a2ff71c9d770.jpg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

နေ့မနားညမနားပန်းချီရေးဆွဲခဲ့လို့ မျက်စိတစ်ဖက်တိမ်ကျပြီး ကျန်းမာရေးမကောင်းဖြစ်နေကာ စားဝတ်နေရေးခက်ခဲနေရှာတဲ့ မုံရွာက ပန်းချီဆရာတစ်ဦး

ကိုဗစ်ရောဂါတွေ၊အာဏာသိမ်းမှုတွေကြောင့် မြန်မာပြည်သူတွေဟာ နေ့စဥ်နဲ့အမျှစိတ်မချမ်းသာစရာတွေကို ကြုံတွေ့နေရပြီး စားဝတ်နေရေးအခက်အခဲတွေကို ရင်ဆိုင်နေရရှာပါတယ်။ ကျန်းမာရေးမကောင်းဖြစ်နေပြီး စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေထဲ လက်ရာမြောက်ပန်းချီကားတွေကို ရေးဆွဲနေတဲ့ မုံရွာမြို့က ပန်းချီဆရာကြီးလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ မုံရွာမြို့၊ မုံရွာတက္ကသိုလ်အနီး ၊ ဓမ္မံရံသီဘုန်းကြီးကျောင်းအနောက်ဘက်လမ်းကြား မှာ နေထိုင်လျက်ရှိနေတဲ့ အဆိုပါပန်းချီဆရာကြီးဟာ စားဝတ်နေရေးမပြေလည်ဘဲ အကူအညီတွေလိုအပ်နေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပန်းချီညွန့်အောင်လို့ အမည်ရတဲ့ အဆိုပါပန်းချီဆရာဟာ ဘဝကို ရိုးရိုးရှင်းရှင်းသာဖြတ်သန်းနေပြီး အမြဲပန်းချီထိုင်ဆွဲလေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။ " ဘဝဆိုတာနေတတ်ရင် ကျေနပ်စရာပါ" ဆိုတဲ့ ဆိုင်းဘုတ်လေးကို အိမ်ရှေ့မှာ ချိတ်ထားတဲ့ အဆိုပါပန်းချီဆရာဟာ အရမ်းလက်မြောက်တဲ့ ပန်းချီကားတွေကို ရေးဆွဲပြီး ခြံဝန်းအတွင်းက နေရာအနှံ့မှာလိုက်လံချိတ်ဆွဲထားသူဖြစ်ပါတယ်။ မုံရွာကပန်းချီဆရာတွေထောက်ပံ့တဲ့စာရွက်လေးတွေနဲ့ ပန်းချီရေးဆွဲနေတဲ့ အဆိုပါပန်းချီဆရာကြီးဟာ ဟောင်းနွမ်းတဲ့အိမ်အိုလေးမှာ နေထိုင်ပြီး ခက်ခက်ခဲခဲနဲ့ရုန်းကန်နေရရှာပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါပန်းချီဆရာကြီးဟာ နေ့မနားညမနားပန်းချီရေးဆွဲခဲ့တာကြောင့် မျက်စိတစ်ဖက်တိမ်ကျပြီး မကြာခင်အချိန်အတွင်းကပဲ ခွဲစိတ်မှုခံယူထားရသူဖြစ်ကာ ယခုအခါမှာလည်း ကျန်းမာရေးမကောင်းဖြစ်နေရှာပါတယ်။အဆိုပါပန်းချီဆရာကြီးက FBကိုလည်းမသိရှိတာကြောင့် U Taw Gyiအမည်ရှိFb Accပိုင်ရှင်ပြည်သူတစ်ဦးက Postတင်ပေးလာပြီး တတ်နိုင်သမျှကူညီပေးကြဖို့ အကူအညီတောင်းခံလာခဲ့တာဖြစ်ပါတယ်။အနုပညာကိုချစ်မြတ်နိုးတဲ့ ပြည်သူတွေကလည်း သူတို့တတ်နိုင်သလောက်ငွေကြေးတွေလှူဒါန်းပေးနေကြပြီး ပန်းချီကားတွေဝယ်ယူဖို့လည်းပြောဆိုနေကြပါတယ်။ လှူဒါန်းချင်တဲ့ ပြည်သူတွေအနေနဲ့ (KBZ 09979039371) (Wave 09979039371)(contact 09979039371)ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T