မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများဖြင့် ရေကြီးရေလျှံမှုတွေကို ဆိုးရွားစွာ ကြုံတွေ့နေရတဲ့ မိုင်းယောင်းမြို့နယ်အတွင်းက ကျေးရွာတချို့

//s9.kh1.co/c9/c9c56d6121e7f2029270e4ae3d61f594594ce719.jpg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့ နေရာဒေသတချို့မှာတော့ မိုးရာသီကာလတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေအပြင် မြေပြိုကျမှုတွေပါ နှစ်စဥ်နှစ်တိုင်း ဖြစ်ပွားလာတာတွေ့ရပါတယ်။ ယခုမှာဆိုရင်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင်းက ကျေးရွာတွေမှာ ဇူလိုင်(၁၉) ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေများဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Photo Credit - မိုင်းယောင်း ပြန်/ဆက်
Photo Credit - မိုင်းယောင်း ပြန်/ဆက်
Photo Credit - မိုင်းယောင်း ပြန်/ဆက်
Photo Credit - မိုင်းယောင်း ပြန်/ဆက်
Photo Credit - မိုင်းယောင်း ပြန်/ဆက်
Photo Credit - မိုင်းယောင်း ပြန်/ဆက်
Photo Credit - မိုင်းယောင်း ပြန်/ဆက်
Photo Credit - မိုင်းယောင်း ပြန်/ဆက်

အဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့တဲ့ တောင်ကျရေများကြောင့် အနိမ့်ပိုင်းနေရာတွေဖြစ်တဲ့ ရပ်ကွက်အချို့နှင့် ဝမ်လွတ်၊ ဝမ်လဲ၊ ဝမ်ဒေ ၊ ဝမ်တောင်း၊ ကော့ခွယ်၊ လော့ငိုးကျေးရွာများထဲသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူတချို့ကတော့ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် တချို့ကျေးရွာတွေဆိုရင်လည်း ဆန်အိတ်တွေ ရေထဲမျောပါသွားခဲ့လို့ ယခုအချိန်ထိ ဘာမှမစားမသောက်ရဘဲ အကူအညီများလိုအပ်နေတယ်လို့ ကြားသိရပါတယ်။

Photo Credit - မိုင်းယောင်း ပြန်/ဆက်
Photo Credit - မိုင်းယောင်း ပြန်/ဆက်
Photo Credit - မိုင်းယောင်း ပြန်/ဆက်
Photo Credit - မိုင်းယောင်း ပြန်/ဆက်
Photo Credit - မိုင်းယောင်း ပြန်/ဆက်
Photo Credit - မိုင်းယောင်း ပြန်/ဆက်
Photo Credit - မိုင်းယောင်း ပြန်/ဆက်
Photo Credit - မိုင်းယောင်း ပြန်/ဆက်

မိုင်းယောင်းမြို့နယ်ဟာ ယခင်နှစ်တွေကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေးကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့်လည်းဒီတစ်ခါ ရေးကြီးမှုကတော့ ဆိုးဆိုးရွားရွား ပိုများလာခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာတော့ အဆိုပါ ရေကြီးရေလျှံဖြစ်ပေါ်နေတဲ့ မိုင်းယောင်းမြို့နယ်အတွင်းက ကျေးရွာတချို့ကို သက်ဆိုင်ရာက သွားရောက်ကူညီပေးနေကြသလို သတိပေးမှုတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ယခုအချိန်ထိ ရေကြီးရေလျှံမှုတွေဖြစ်နေတဲ့ မိုင်းယောင်းမြို့နယ်က ကျေးရွာတချို့ရဲ့ စိတ်မကောင်းစရာ မြင်ကွင်းတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - မိုင်းယောင်း ပြန်/ဆက်
Photo Credit - မိုင်းယောင်း ပြန်/ဆက်
Photo Credit - မိုင်းယောင်း ပြန်/ဆက်
Photo Credit - မိုင်းယောင်း ပြန်/ဆက်
Photo Credit - မိုင်းယောင်း ပြန်/ဆက်
Photo Credit - မိုင်းယောင်း ပြန်/ဆက်

သတင်း အရင်းအမြစ်Source - မိုင်းယောင်း ပြန်/ဆက်

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T