အင်မတန်ထူးချွန်ပြီး အရည်အချင်းရှိတဲ့ ဆရာဝန်ကောင်းတွေကို မတရားရိုက်နှက် ဖမ်းဆီးသွားလို့ ခံပြင်းဒေါသထွက်နေရတဲ့ ပြည်သူများ

//s9.kh1.co/be/be03ec8104de743ef30551e4628fbc7f3709f1bf.jpg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

အင်မတန်ထူးချွန်ပြီး အရည်အချင်းရှိတဲ့ ဆရာဝန်ကောင်းတွေကို မတရားရိုက်နှက် ဖမ်းဆီးသွားလို့ ခံပြင်းဒေါသထွက်နေရတဲ့ ပြည်သူများ

ကိုဗစ်တတိယလှိုင်းရဲ့ဒဏ်ကို အလူးအလဲခံစားနေရတဲ့ ဒီလိုအချိန်မှာပဲ ဆရာဝန်တွေကို အာဏာသိမ်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားကြောင့် ပြည်သူလူထုက ခံပြင်းဒေါသထွက်နေကြတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၃)ရက်နေ့မှာ မန္တလေးမြို့က ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာကျော်ကျော်သက်သက်ကို ညအချိန်မတော်မှာ မတရားရိုက်နှက် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ ဒေါက်တာကျော်ကျော်သက်ကမန္တလေးဆေးကျောင်းရာဇဝင်မှာ နှစ်စဉ်ဘာသာစုံ ဂုဏ်ထူးထွက်ခဲ့ပြီး ထူးချွန်တဲ့ ရှားပါးဆရာဝန်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ် ။

Photo Credit - " Medical Family -Mandalay"FB Page

Dr. ကျော်ကျော်သက်က စာကူ၊စာပြလုပ်ရင်း မုဆိုးမမိခင်နဲ့ညီမလေးကို လုပ်ကျွေးနေတဲ့သူတစ်ဦးလို့ သိရတာလည်း ဖြစ်ပါတယ် ။ ဒီလိုမျိုးထူးချွန်တဲ့ ဆရာဝန်လူငယ်တစ်ဦးကို ဘာကြောင့်ဖမ်းဆီးရတယ်ဆိုတဲ့အကြောင်းရင်းကို မသိရသလို အခုချိန်အထိ ဘယ်မှာဖမ်းဆီးထားလဲဆိုတာတောင် မိသားစုဝင်တွေအနေနဲ့ မသိရသေးတာပဲ ဖြစ်ပါတယ် ။

Photo Credit - " Medical Family -Mandalay"FB Page
Photo Credit - " Medical Family -Mandalay"FB Page
Photo Credit - " Medical Family -Mandalay"FB Page
Photo Credit - " Medical Family -Mandalay"FB Page
Photo Credit - " Medical Family -Mandalay"FB Page
Photo Credit - " Medical Family -Mandalay"FB Page

ဒါ့အပြင် ဇူလိုင်လ (၁၆)ရက်နေ့တုန်းကလည်း ဆေးရုံတစ်ခုက လူနာတစ်ဦးကို သွားရောက်ကုသမှုပေးပြီး ပြန်လာတဲ့ မန္တလေးမြို့က နာမည်ကြီး ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာသက်ဌေးကို အာဏာသိမ်းလက်နက်ကိုင်အဖွဲ့က ထပ်မံဖမ်းဆီးသွားခဲ့ပြန်တာ ဖြစ်ပါတယ် ။

Photo Credit - " Medical Family -Mandalay"FB Page
Photo Credit - " Medical Family -Mandalay"FB Page
Photo Credit - " Medical Family -Mandalay"FB Page
Photo Credit - " Medical Family -Mandalay"FB Page
Photo Credit - " Medical Family -Mandalay"FB Page
Photo Credit - " Medical Family -Mandalay"FB Page

ဆရာဝန်ကြီးက ပရဟိတဆေးခန်းတွေ၊ ဆေးရုံတွေမှာ လူနာတွေကို အခမဲ့ကြည့်ရှုကုသပေးခဲ့သလို နွေဦးတော်လှန်ရေးကာလအတွင်းမှာလည်း ဒဏ်ရာရပြည်သူတွေကို တောက်လျှောက်ပြုစုကုသပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် မန္တလေးဆေးမိသားစုမှ "ယခုလို ကိုဗစ်ရောဂါကြောင့် ပြည်သူအများ ဒုက္ခရောက်နေချိန်မှာ ဒေါက်တာသက်ဌေးကဲ့သို့ အရည်အချင်းရှိသော ထက်မြက်သော ဆရာဝန်ကို မတရားဖမ်းဆီးချုပ်နှောင်ထားပြီး ရိုက်နှက်နှိပ်စက်နေခြင်းဟာ ပြည်သူလူထုအတွက် အင်မတန် ထိခိုက်နစ်နာစေသည့်အတွက် အမြန်ဆုံး( အမြန်ဆုံး) ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ပါသည်။" ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဆရာဝန်နှစ်ဦး ပြန်လည်လွတ်မြောက်ဖို့အတွက် Speak Out လုပ်ထားတာ ဖြစ်ပါတယ် ။

Source & Photo Credit - " Medical Family -Mandalay"FB Page

Photo Credit - " Medical Family -Mandalay"FB Page
Photo Credit - " Medical Family -Mandalay"FB Page
Photo Credit - " Medical Family -Mandalay"FB Page
Photo Credit - " Medical Family -Mandalay"FB Page
Photo Credit - " Medical Family -Mandalay"FB Page
Photo Credit - " Medical Family -Mandalay"FB Page
Photo Credit - " Medical Family -Mandalay"FB Page
Photo Credit - " Medical Family -Mandalay"FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T