အရမ်းဝါသနာပါခဲ့ရတဲ့ အလုပ်ကိုစွန့်ပြီး တိုင်းပြည်အတွက် ကျရာနေရာကနေ ပါဝင်ရင်း ရိုက်နှက်ဖမ်းဆီးခြင်းခံလိုက်ရတဲ့ လူငယ်လေးတစ်ဦး

//s9.kh1.co/50/504b18237f10b59f0c95cddd13dbfd050ea404d6.jpg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အရမ်းဝါသနာပါခဲ့ရတဲ့ အလုပ်ကိုစွန့်ပြီး တိုင်းပြည်အတွက် ကျရာနေရာကနေ ပါဝင်ရင်း ရိုက်နှက်ဖမ်းဆီးခြင်းခံလိုက်ရတဲ့ လူငယ်လေးတစ်ဦး

ကိုဗစ်ရောဂါကူးစက်မှုတွေကို ရင်ဆိုင်​ဖြေရှင်းနေကြတဲ့ ပြည်သူတွေလည်းရှိသလို စစ်အာဏာရှင်ကျဆုံးရေးအတွက် နွေဦးတော်လှန်ရေးဆင်နွှဲနေကြတဲ့ ပြည်သူတွေလည်းရှိကြပါတယ်။ မြန်မာလူငယ်လေးတွေဟာလည်း သူတို့ရဲ့အနာဂတ်အိမ်မက်တွေ ပြန်လည်ရှင်သန်ဖို့အတွက် ရရာနည်းလမ်းတွေသုံးပြီး အာဏာရှင်ကိုတွန်းလှန်နေခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ အသက်(၂၂)နှစ်အရွယ်သာရှိသေးတဲ့ ကိုကျော်သီဟတစ်ယောက် တစ်ခြားသောပြည်သူတွေနဲ့အတူ ရိုက်နှက်ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဖမ်းခံလိုက်ရတဲ့ ကိုကျော်သီဟဟာ ပုံဆွဲတာကို အရမ်းဝါသနာပါတာကြောင့် အိမ်ကမကြိုက်နှစ်သက်ပေမယ့်လည်း ပုံဆွဲခြင်းကိုဆက်လက်လုပ်ကိုင်နေသူဖြစ်ကာ အရည်အချင်းရှိတဲ့လူငယ်တစ်ယောက်ပဲဖြစ်ပါတယ်။အဆိုပါလူငယ်လေးဟာ ပုံဆွဲတာကို အရမ်းဝါသနာပါပေမယ့် တိုင်းပြည်ဒုက္ခရောက်ချိန်မှာတော့ ဝါသနာပါတဲ့အလုပ်ကိုစွန့်လွှတ်ပြီး တိုင်းပြည်အတွက် ကျရာနေရာကနေ ပါဝင်ရင်း ရိုက်နှက်ဖမ်းဆီးတာခံလိုက်ရပါတယ်။ အသက်ငယ်ပေမယ့် ရဲရဲရင့်ရင့်နဲ့ ပြတ်ပြတ်သားသားရှိပြီး အနစ်နာခံစိတ်ရှိတဲ့ အဆိုပါလူငယ်လေးအတွက် ပြည်သူတွေက စိတ်မကောင်းဖြစ်နေကြကာ စိတ်ပူနေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ခင်မင်ရင်းနှီးခဲ့ရတဲ့ ပြည်သူတစ်ယောက်က ပုံဆွဲတာကို အရမ်းဝါသနာပါကြောင်း ပြောပြနေခဲ့တဲ့ ဖမ်းဆီးခံလူငယ်လေးရဲ့ စာလေးကို ပြန်လည်ချပြရင်း အမြန်ဆုံးလွတ်မြောက်စေဖို့ဆုတောင်းပေးနေခဲ့ပါတယ်။အဆိုပါ ပြည်သူက " ပုံပဲဆွဲချင်တာပါ ပုံပဲဆွဲချင်ခဲ့တာ... ကျနော်တို့အိမ်မက်တွေကလဲ ပုံပဲဆွဲချင်ခဲ့တာပါ...မောင်လေးရေအန္တရာယ်ကင်းပါစေ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ကို ကျော်သီဟတစ်ယောက် ဘေးအန္တရာယ်ကင်းကင်းနဲ့ ပြန်လည်လွတ်မြောက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T