ရိုးသားကူညီတတ်ပြီး လိုအပ်နေတဲ့အောက်ဆီဂျင်ကို မရရအောင်ရှာပေးတဲ့ လူငယ်လေးတွေကြောင့် ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/6e/6e1fd7837491d0f7a3e3b4473418be1a1c4795de.jpeg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

Covid 19 ကမ္ဘာ့ကပ်ရောဂါဆိုးကြောင့် ဆေးဝါးကုသမှုတွေလိုအပ်နေတဲ့အပြင် အဆိုးဆုံးဖြစ်တဲ့ အောက်ဆီပြတ်လပ်မှုတွေကတော့ အတော်လေးကို ဆိုးဝါးနေတာ ဖြစ်ပါတယ်..။

လူနာရှင်ပြည်သူတွေနဲ့ ပရဟိတအသင်းတွေမှာ အောက်ဆီဂျင်ရဖို့အတွက် နေ့စဉ်နဲ့အမျှ ကြိုးစားပြီး လုပ်ဆောင်နေကြပေမယ့် အချိန်မှီအသက်မကယ်လိုက်နိုင်တာတွေကလည်း တော်တော်များများပါပဲ..။

Photo Credit - Su Su's Fb Acc 
Photo Credit - Su Su's Fb Acc 
Photo Credit - Su Su's Fb Acc 
Photo Credit - Su Su's Fb Acc 

အခုလည်း အသက်(၉၀)အရွယ် အဖွားဖြစ်သူအတွက် အရေးပေါ်လိုအပ်နေတဲ့ အောက်ဆီဂျင်ကို အပင်ပန်းခံကြိုးစားပြီး မရ ရအောင် ကူညီရှာပေးခဲ့တဲ့ လူငယ်လေးတွေကြောင့် ဝမ်းသာမျက်ရည်ကျခဲ့တဲ့အကြောင်း ပြည်သူတစ်ဦးက ပြောပြလာပါတယ်..။

အိုးခွံပဲရှိပြီး ဖြည့်ပေးမယ့်လူမရှိလို့ လိုင်းပေါ်မှာ အကူအညီတောင်းခံခဲ့တဲ့ သူမဆီကို ဖုန်းဆက်ပြီး ဘတ်စ်ကားစီး ကိုယ်တိုင်လာရောက်ကူညီပေးခဲ့ကြတဲ့ လူငယ်လေးတွေရဲ့ ကိုယ်ကျိုးစွန့်ပြီး စိတ်ထားမြင့်မြတ်တာလေးတွေကို ချီးကျူးပြောပြထားတာပါ..။

Photo Credit - Su Su's Fb Acc 
Photo Credit - Su Su's Fb Acc 
Photo Credit - Su Su's Fb Acc 
Photo Credit - Su Su's Fb Acc 
Photo Credit - Su Su's Fb Acc 
Photo Credit - Su Su's Fb Acc 

လေးစားချီးကျူးစရာကောင်းတဲ့ လူငယ်လေးတွေကတော့ အောက်ဆီဂျင်ရဖို့အတွက် တစ်နေရာပြီးတစ်နေရာ သွားရှာခဲ့ပေမယ့် မရတဲ့အဆုံး ညအိပ်တန်းစီပြီး ကူညီပေးခဲ့သလို ထည့်ပေးလိုက်တဲ့ ပိုက်ဆံတွေကိုလည်း ဘောင်ချာနဲ့တကွ ပိုငွေ ပြန်အပ်ခဲ့ကြတာ ဖြစ်ပါတယ်..။

လိုအပ်တာရှိရင်ပြောဖို့နဲ့ စိတ်ဓာတ်မကျဖို့ကိုလည်းအားပေးခဲ့ကြတဲ့ လူငယ်လေးတွေရဲ့ ကိုယ်ကျိုးမဖက် အများအကျိုးအတွက် ရိုးသားကူညီတတ်တဲ့ စိတ်ထားတွေကတော့ တကယ်ကို ကျေးဇူးတင်စရာကောင်းသလို လေးစားချီးကျူးစရာလည်း ကောင်းလွန်းပါတယ်နော်..။

Photo Credit - Su Su's Fb Acc 
Photo Credit - Su Su's Fb Acc 
Photo Credit - Su Su's Fb Acc 
Photo Credit - Su Su's Fb Acc 
Photo Credit - Su Su's Fb Acc 
Photo Credit - Su Su's Fb Acc 

သတင်း အရင်းအမြစ်Su Su's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T