မိုးကုတ်တစ်မြို့လုံး အားကိုးအားထားပြုရတဲ့ ဝါရင့်ဆရာဝန်ကြီး ကိုဗစ်ကြောင့်သေဆုံးသွားလို့ ယူကြုံးမရဖြစ်ပြီးဝမ်းနည်းစွာငိုကြွေးနေတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/0b/0bd27baa549d557f343b8f8c22d43c52fc862999.jpeg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

မိုးကုတ်တစ်မြို့လုံး အားကိုးအားထားပြုရတဲ့ ဝါရင့်ဆရာဝန်ကြီး ကိုဗစ်ကြောင့်သေဆုံးသွားလို့ ယူကြုံးမရဖြစ်ပြီးဝမ်းနည်းစွာငိုကြွေးနေတဲ့ ဗီဒီယိုဖိုင်

လက်ရှိအခြေအနေမှာတော့ ရောဂါဝေဒနာကိုခံစားနေရတဲ့ ကိုဗစ်လူနာတွေကို ဆရာဝန်တချို့က အိမ်တိုင်ရာရောက်လိုက်လံကုသပေးနေတာတွေလည်းရှိပါတယ်။ဒါ့အပြင် ဆေးရုံတွေမှာလည်း ကိုဗစ်လူနာတွေပြည့်နှက်နေတာကြောင့် ကုသခွင့်ရဖို့အတွက်တောင် စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။ဆရာဝန်တွေက လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ဆောင်ရန်၊ရှောင်ရန်တွေကို စေတနာအပြည့်နဲ့ ရေးသားပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီအချိန်မှာ လူနာတွေကိုကုသပေးနေတဲ့ ဆရာဝန်တချို့လည်း ကိုဗစ်ရောဂါဆိုးကြီးကြောင့် ကြွေလွင့်နေကြတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း မိုးကုတ်တစ်မြို့လုံးက အားကိုးအားထားပြုရတဲ့ ဝါရင့်ဆရာဝန်ကြီး ဒေါက်တာဟာရာဆင်းက ဒီနေ့မနက်ပိုင်းမှာပဲ ကိုဗစ်ရောဂါနဲ့ သေဆုံးသွားတာဖြစ်ပါတယ်။ဆရာဝန်ကြီးက အရမ်းစိတ်ထားကောင်းပြီး လူနာတွေကိုလည်း ကြင်နာတတ်တဲ့သူဖြစ်ပါတယ်။လူတွေရဲ့အသက်ကိုကယ်တင်ပေးခဲ့ပေမယ့် သူ့ရဲ့အသက်ကိုမကယ်တင်လိုက်နိုင်လို့ မိုးကုတ်မြို့ကပြည်သူတွေလည်း ဝမ်းနည်းနေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဆရာဝန်ကြီးရဲ့ရုပ်အလောင်းကို PPE တွေဝတ်ဆင်ထားတဲ့ ပရဟိတသမားတချို့က Ambulance ပေါ်တင်ပြီးသယ်ဆောင်သွားကြတာဖြစ်ပါတယ်။ပြည်သူတစ်ဦးကတော့ ဆရာဝန်ကြီးကို ကောင်းရာမွန်ရာရောက်ပါစေလို့ဆုတောင်းပေးရင်း ငိုနေရှာတာဖြစ်ပါတယ်။ဆရာဝန်ကြီးကွယ်လွန်တာကလည်း သူ့ရဲ့သားဖြစ်သူနဲ့ (၈)ရက်ပဲ ခြားတယ်လို့ သိရတာကြောင့် ပိုပြီးစိတ်မကောင်းဖြစ်ရပါတယ်။အသက်ပေါင်းများစွာကို ကယ်တင်နေတဲ့ ဆရာဝန်ကြီးရဲ့နောက်ဆုံးခရီးဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T