ကိုဗစ်ကြောင့် ဖျားနာနေတဲ့ လူနာအိမ်တွေကို အာဟာရဖြစ်စေမယ့် အစားအစာတွေ လိုက်လှူဒါန်းပေးခဲ့တဲ့ လူငယ်လေးများ

//s9.kh1.co/49/499638ff053a2e667abc401d1f1ca6d141636768.jpeg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.......

တတိယလှိုင်းအနေနဲ့ ပြန်လည် ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် မြန်မာနိုင်ငံသားတွေ အခက်အခဲတွေ များစွာကို ရင်ဆိုင်နေကြရပါတယ် ။ ခုချိန်မှာ ပြည်သူတွေအချင်းချင်းပဲ ကူညီပြီး တတ်နိုင်သလောက် အရာရာ ဝိုင်းဝန်းဖြေရှင်းနေကြတာ တွေ့ရပါတယ် ။ အောက်ဆီဂျင်ဆိုလည်း ပြည်သူကပဲ လှူဒါန်း ပေးကြသလို တန်းစီ ဖြည့်ရတဲ့ နေရာတွေဆိုရင်လည်း လူငယ်လေးတွေက အခမဲ့ ကူညီကာ နေ့ရော ညရော လုပ်ဆောင်ပေးနေကြပါတယ် ။

Photo Credit : YFD အဖွဲ့သားများ
Photo Credit : YFD အဖွဲ့သားများ
Photo Credit : YFD အဖွဲ့သားများ
Photo Credit : YFD အဖွဲ့သားများ

ဆေးရုံတွေဆိုရင်လည်း လက်မခံကြလို့ စေတနာ ဆရာဝန်တွေကပဲ ဆေးခန်းတွေမှာ ကုသပေးနေကြရပါတယ် ။ အခုလည်း ကိုဗစ်ရောဂါကူးစက်ခံရလို့ အပြင်မထွက်နိုင်တဲ့ လူနာအိမ်တွေကို အာဟာရဖြစ်စေမယ့် သီးစုံကြက်စွတ်ပြုတ်တွေကို လူငယ်လေးတွေ စုပေါင်းပြီး အိမ်တိုင်ရာရောက် သွားရောက်ပို့ဆောင်ပေးနေကြတဲ့ ပုံရိပ်တွေကို လူမှုကွန်ရက် စာမျက်နှာထက်မှာ ကြည်နူးပီတိဖြစ်ရလောက်အောင် တွေ့ရပါတယ် ။ 

Photo Credit : YFD အဖွဲ့သားများ
Photo Credit : YFD အဖွဲ့သားများ
Photo Credit : YFD အဖွဲ့သားများ
Photo Credit : YFD အဖွဲ့သားများ

ဒီ Yellow Flags Donation -YFD အဖွဲ့သား လူငယ်လေးတွေအနေနဲ့ ခုလို စုပေါင်း လှူဒါန်းဖြစ်တာ ပထမဆုံး ဖြစ်ကြောင်းကို " Covid ကြောင့်ဖျားနာနေသော မိသားစုများအတွက် သီးစုံကြက်စွတ်ပြုတ်ကို လှူဒါန်းပို့ဆောင်ပေးခဲ့တဲ့ YFD အဖွဲ့"  Yellow Flags Donation -YFD အဖွဲ့သားများရဲ့ပထမဆုံး စုပေါင်းအလှူအနေနဲ့ အရှေ့ဒဂုံ၊မြောက်ဒဂုံ၊ဒဂုံဆိပ်ကမ်း ၊ တောင်ဥက္ကလာပ၊သာကေတ၊ကြည်မြင့်တိုင် မြို့နယ်များမှ Covid ကြောင့်ဖျားနာနေသော မိသားစုများအတွက် သီးစုံကြက်စွတ်ပြုတ် လူမျိုးဘာသာမရွေးစားသုံးနိုင်သော(အချိုမှုန့်မသုံးထား) ပွဲ ၅၀ ကို အိမ်တိုင်ရာရောက်ပို့ဆောင်လှူဒါန်းခဲ့ကြပါတယ်။ " ရေးသားဖော်ပြထားရာ လေးစားမိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : YFD အဖွဲ့သားများ
Photo Credit : YFD အဖွဲ့သားများ
Source & Photo Credit : YFD အဖွဲ့သားများ
Source & Photo Credit : YFD အဖွဲ့သားများ
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T