သေဆုံးသူတွေများပြားလွန်းလို့ အလောင်းတွေကို ကြုံသလိုသယ်ဆောင်ပြီး မီးသင်္ဂြိုလ်မယ့်နေရာကို အရောက်ပို့နေရတဲ့ ရင်နင့်စရာမြင်ကွင်း

//s9.kh1.co/08/085f09b1110b4ba04abc1ab4a1992582173913fb.jpeg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

သေဆုံးသူတွေများပြားလွန်းလို့ အလောင်းတွေကို ကြုံသလိုသယ်ဆောင်ပြီး မီးသင်္ဂြိုလ်မယ့်နေရာကို အရောက်ပို့နေရတဲ့ ရင်နင့်စရာမြင်ကွင်း

ဇူလိုင်လ (၁၉)ရက်နေ့မှာတော့ ကိုဗစ်ပိုးတွေ့ရှိသူ (၅၁၈၉)ဦးရှိပြီး သေဆုံးသူတွေလည်း အများအပြားရှိခဲ့ပါတယ်။တချို့ပြည်သူတွေလည်း အိမ်ထဲမှာပဲနေရင်း သေဆုံးနေရတာတွေရှိပါတယ်။ပြည်သူလူထုကတော့ တစ်မိသားစုလုံး positive ဖြစ်သွားတဲ့အိမ်တွေကိုလည်း ဆေးဝါးနဲ့ အစားအသောက်အကူအညီတွေ ပေးနေကြတာဖြစ်ပါတယ်။ကိုဗစ်တတိယလှိုင်းမှာ သေဆုံးမှုနှုန်းမြင့်တက်နေလို့ သင်္ဂြိုလ်တဲ့နေရာတွေမှာ အလောင်းတွေစုပြုံနေတာကို မြင်တွေ့ရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူတွေလည်း ဒီလိုစိတ်မကောင်းစရာမြင်ကွင်းတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တွေ့မြင်နေရတာဖြစ်လို့ အရမ်းဝမ်းနည်းနေကြတာဖြစ်ပါတယ်။ပရဟိတအဖွဲ့အစည်းတွေဆိုရင်လည်း  သေဆုံးသူရုပ်အလောင်းတွေကိုသုသာန်သို့ တစ်နေ့တည်းအများကြီး ပို့ပေးရတာကြောင့် အရမ်းပင်ပန်းနေကြပြီဖြစ်ပါတယ်။ဒါ့အပြင် သေဆုံးသူများပြားလွန်းတာကြောင့် နာရေးကားတွေ၊Ambulance တွေတောင် မလောက်တော့ဘဲ ကြုံသလိုသယ်နေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကတော့ ရုပ်အလောင်းတွေကို သုံးဘီး၊Taxi၊Light truck စတာတွေနဲ့သယ်ဆောင်နေရတာဖြစ်ပါတယ်။အဲ့ဒီလိုသယ်ဆောင်ပြီးလို့ သင်္ဂြိုလ်မယ့်နေရာရောက်ရင်လည်း မီးသင်္ဂြိုလ်ဖို့အတွက် တန်းစီရသေးတာဖြစ်ပါတယ်။ပြည်သူတွေခမျာ လက်ရှိအခြေအနေကြီးကို အားတင်းရင်ဆိုင်နေရပေမယ့်နေ့စဉ်ရက်ဆက် အဆင်မပြေတာတွေကိုသာ တွေ့မြင်နေရတာဖြစ်ပါတယ်။အခုလည်း ကားကြီး၊ကားငယ်အသွယ်သွယ်နဲ့ ရုပ်အလောင်းတွေကို သယ်ဆောင်နေကြတဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T