မင်းတပ်မြို့က စစ်ရှောင်ပြည်သူတွေအတွက် အခြေခံလူသုံးကုန်ပစ္စည်းများကို စတင်ကူညီထောက်ပံ့ပေးသွားမယ့် UNHCR

//s9.kh1.co/fa/fa2e691b93c23f24e542240b7d01789a42fff613.jpg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့က စစ်ရှောင်ပြည်သူတွေအတွက် ကုလသမဂ္ဂဆိုင်ရာ ဒုက္ခသည်များ မင်းကြီးရုံး (UNHCR)အဖွဲ့က ဇူလိုင်လ (၁၉)ရက်နေ့မှာ ထောက်ပံံ့ရေး ပစ္စည်းများသယ်ဆောင်လာတဲ့ ကား(၅)ဟာ စတင်ရောက်ရှိနေပြီလို့ သိရပါတယ်။ မင်းတပ်မြို့မှာ တိုက်ပွဲများဖြစ်ပွားမှုကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူအများအပြား စစ်ရှောင်ခဲ့ရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေနေရပြီး အကူအညီလိုအပ်နေတဲ့အိမ်ထောင်စု(၅၀၀၀)လောက် ရှိတယ်လို့လည်း သိရပါတယ်။ ယခုတစ်ခါ UNHCRကတော့ နိုင်ငံတကာကနေ ထည့်ဝင်လှူဒါန်းပေးခဲ့ အလှူငွေများဖြင့် အိမ်ထောင်စု(၁၀၀၀)စာကို အရင်ဆုံး ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ဒီထောက်ပံ့ပစ္စည်းတွေကတော့ COVID-19 ကာကွယ်ရေးအတွက် အကာအကွယ် ပစ္စည်းကိရိယာများအပါအဝင်၊ တာပေါ်လင်များ၊ ခြင်ထောင်များ၊ ဖျာများ၊ စောင်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များကို လှူဒါန်းပေးသွားမယ်လို့ UNHCRရဲ့ လူမှုကွန်ယက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေတဲ့သူတွေကို ကူညီထောက်ပံ့နေတဲ့ UNHCRဟာ အခြားပြည်နယ်တွေက စစ်ရှောင်ပြည်သူတွေကိုလည်း ကူညီထောက်ပံ့သွားမှာဖြစ်ပါတယ်။ ဒုက္ခရောက်နေတဲ့ စစ်ရှောင်ပြည်သူတွေအတွက် UNHCR ကူညီထောက်ပံ့လာတဲ့ အတွက် ပြည်သူတွေကလည်း ဝမ်းသာပျော်ရွှင်နေရပါတယ်။ ပရိသတ်တွေလည်း မြန်မာပြည်သူတွေကို ကူညီထောက်ပံ့ပေးဖို့အတွက် အလှူငွေများလှူဒါန်းပေးခဲ့ကြတဲ့ နိုင်ငံတကာက အလှူရှင်များကိုလည်း ဒီထက်မက လှူဒါန်းနိုင်အောင် ဆုတောင်းမေတ္တာတွေပို့သပေးပါဦးနော်...။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T