ရေဝေးသုဿာန်တွင် မီးသဂြိုလ်ရတဲ့ ပုံစံများနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့လာခဲ့ရတဲ့ အခြေအနေအား ဝေမျှပေးလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/d3/d3c1dfe4d6ce9e95d5ebe2aea4a71f3e9ac280df.jpeg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ကိုဗစ်ရောဂါကူးစက်ခံထားရပြီး အောက်ဆီဂျင်ပြတ်လပ်မှုပြသနာများကြောင့် သုဿာန်များတွင် နေ့စဉ် သဂြိုလ်နေရတဲ့ လူဦးရေ ရာနဲ့ချီပြီး ရှိနေပါတယ်။  မနက်ကနေ ညအထိ မီးသဂြိုလ်စက်ရှေ့မှာ သဂြိုလ်ဖို့ စောင့်ဆိုင်းနေရတဲ့ အလောင်းတွေ များစွာဖြစ်နေတာကြောင့် ဒီအခြေအနေဆိုးကြီးကို အမြန်ဆုံး ထိန်းချုပ်နိုင်ဖို့ လိုအပ်နေကြတာဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ရေဝေးသုဿာန်တွင် မီးသဂြိုလ်ရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့လာခဲ့ရပုံတွေအား ပြည်သူတစ်ဦးရဲ့ လူမှုကွန်ယက်တွင် အခုလို ရေးသားဝေမျှပေးလာတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

သုဿာန်များတွင် သဂြိုလ်ဖို့ စာရင်းသွင်းတဲ့ နေရာတွင် လူပေါင်းများစွာ တန်းစီနေကြရပြီး ညနေပိုင်းအထိ သဂြိုလ်ဖို့ အရေအတွက်မှာ (၃၅၀)ကျော်လောက်ရှိနေကြောင်း ရေးသားထားပါတယ်။ တစ်ချို့အလောင်းများကို ပလပ်စတစ်ဖြင့် ပတ်လာကြပြီး တစ်ချို့မှာတော့ ဖျာလိပ်များနဲ့သာ ပတ်လာကြတာကိုလည်း စိတ်မကောင်းစွာ မြင်တွေ့ခဲ့ရပါတယ်။ အခေါင်းပါတဲ့ အလောင်းတစ်လောင်းကိုသာ တွေ့ခဲ့ရကြောင်းကိုလည်း ရေးသားထားပါတယ်။ မီးသဂြိုလ်စက်ထဲ ထည့်တဲ့အခါ ဓာတ်ပုံမရိုက်ဖို့နှင့် အပြင်တွင် ကြိုက်သလောက် ရိုက်ကူးနိုင်ကြောင်း တာဝန်ရှိသူများမှမှာကြားထားပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

မီးသဂြိုလ်စက်ထဲသို့ သွင်းကြသူများကလည်း PPE ဝတ်စုံ၊ လက်အိတ်နဲ့ နှာခေါင်းစည်းတောင် မပါကြဘဲ သာမန်ဝတ်စုံများဖြင့်သာ အလောင်းများကို သယ်ယူနေကြရတာ ဖြစ်ပါတယ်။ အလုပ်သမားများကလည်း သူတို့အရမ်းကို ပင်ပန်းနေကြောင်း ညည်းတွားနေတာကိုလည်း ကြားခဲ့ရကြောင်းကိုလည်း စိတ်မကောင်းစွာဖြင့် ပြန်လည်ရေးသား မျှဝေထားတာ ဖြစ်ပါတယ်။ အခုလက်ရှိအခြေအနေတွေမှာ သုဿာန်များတွင် အရင်လို အလောင်းပုံလို့မရတော့ဘဲ သဂြိုလ်ပြီးစီးတဲ့အထိ စောင့်ဆိုင်းပြီးမှသာ နောက်ထပ် dead body တွေကို သွားသယ်ရတယ်လို့ပရဟိတလုပ်ဆောင်နေသူတစ်ဦးမှ ပြောကြားထားပါတယ်။ ပရိသတ်တွေလည်း ဒီအခြေအနေဆိုးကြီးကို သိရှိနိုင်စေဖို့ ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T