ထောင်ထဲမှာကိုဗစ်ကူးစက်ခံရလို့ ရန်ကုန်ဆေးရုံကြီးတွင်ကုသမှုခံယူရင်း ယနေ့မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း

//s9.kh1.co/68/681ce0fd673a6cf3835e4a7be05dda1c9d8872ba.jpeg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ထောင်ထဲမှာကိုဗစ်ကူးစက်ခံရလို့ ရန်ကုန်ဆေးရုံကြီးတွင်ကုသမှုခံယူရင်း ယနေ့မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း

မြန်မာနိုင်ငံအတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကတော့ (၅)လကျော် ကြာမြင့်သွားခဲ့ပြီဖြစ်ပါတယ်။ဒီ (၅)လကျော်ကာလအတွင်းမှာလည်း သူရဲကောင်းပြည်သူတွေ အသက်ပေးခဲ့ရသလို တချို့တွေလည်းထောင်ထဲမှာ ဖမ်းဆီးခံထားရဆဲအခြေအနေပဲဖြစ်ပါတယ်။ပြည်သူတွေကတော့ ကိုဗစ် တတိယလှိုင်းကို တိုင်ထုတ်နေရပေမယ့် လက်ရှိနိုင်ငံရေးအခြေအနေကိုလည်း စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ရင်ဆိုင်ဖြေရှင်းနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အာဏာသိမ်းပြီး​နောက်ပိုင်းမှာ NLD ပါတီဝင်တစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးဉာဏ်ဝင်းကို ပုဒ်မ၅၀၅(က)နဲ့ နစကအစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ဦးဉာဏ်ဝင်းက အင်းစိန်အကျဉ်းထောင်ထဲမှာနေထိုင်ရင်း ကိုဗစ်ကူးစက်ခံလိုက်ရတာဖြစ်လို့ ဇူလိုင်လ (၁၁)ရက်နေ့မှစပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။ဦးဉာဏ်ဝင်းက လွှဲပြောင်းကုသမှုခံယူပြီးနောက် ယနေ့မနက်ပိုင်းမှာ ကိုဗစ်ရောဂါနဲ့ပဲ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဦးဉာဏ်ဝင်း ကွယ်လွန်ချိန်မှာ အသက်(၇၉)နှစ်အရွယ်ရှိပြီး ဆီးချိုရောဂါနဲ့ သွေးဝမ်းသွားရောဂါရှိကြောင်းလည်းသိရပါတယ်။ပြည်သူလူထုကတော့ ကိုဗစ်ကြောင့်သေဆုံးသွားရတဲ့ ဦးဉာဏ်ဝင်းအတွက် အရမ်းဝမ်းနည်းနေရတာပဲဖြစ်ပါတယ်။အမေစု အကျယ်ချုပ်ကာလမှာ ရင်ဆိုင်ရတဲ့ အမှုတွေကိုလည်း ဦးဉာဏ်ဝင်းက ရှေ့နေလိုက်ပေးခဲ့တယ်လို့သိရပါတယ်။ဒါ့ကြောင့် ဦးဉာဏ်ဝင်းဆုံးတဲ့သတင်းကို အမေစုကြားသိရင် အရမ်းဝမ်းနည်းနေမှာကို ကိုယ်ချင်းစာမိရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T