အသက်(၁၂)နှစ်အရွယ် ကလေးမလေးကို အလိုမတူဘဲ သားမယားပြုကျင့်ဖို့ ကြံရွယ်တဲ့သူကို ဝိုင်းဖမ်းပြီး ရိုက်နှက်ဆုံးမနေတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/da/da78a242a3985848a3d16d767b7fdf283570e362.jpg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အသက်(၁၂)နှစ်အရွယ် ကလေးမလေးကို အလိုမတူဘဲ သားမယားပြုကျင့်ဖို့ ကြံရွယ်တဲ့သူကို ဝိုင်းဖမ်းပြီး ရိုက်နှက်ဆုံးမနေတဲ့ ဗီဒီယိုဖိုင်

မငြိမ်မသက်ဖြစ်နေတဲ့ တိုင်းပြည်ရဲ့အခြေအနေမှာ ပြည်သူတွေ ဒုက္ခရောက်နေတဲ့ကြားကနေ ဒုစရိုက်မှုတွေကလည်း အရင်ကထက် ပိုမိုဖြစ်ပွားလာတာ တွေ့ရပါတယ်။ တစ်ချို့နေရာတွေမှာဆိုရင် ခိုးဆိုးလုယက်သူတွေက ပစ္စည်းကိုလုယူရုံသာမကဘဲ လူကိုပါ အသက်အန္တရာယ်ထိခိုက်အောင် ဒုက္ခပေးတာမျိုးတွေပါ ပြုလုပ်နေတာပဲ ဖြစ်ပါတယ် ။ မနေ့ကဆိုရင်လည်း ကန်တော်လေးမှာ လူတစ်ယောက်က မိန်းကလေးငယ်လေးကို သားမယားပြုကျင့်ဖို့ ကြံရွယ်တဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Mingalar Taung Nyunt Information's FB Page
Photo Credit-Mingalar Taung Nyunt Information's FB Page
Photo Credit-Mingalar Taung Nyunt Information's FB Page
Photo Credit-Mingalar Taung Nyunt Information's FB Page

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၉)ရက်နေ့၊ ည (၉)နာရီ (၅၆)မိနစ်အချိန်ခန့်က ကန်တော်လေး (၉၁)လမ်းတိုမှာ အသက်(၁၂)နှစ်အရွယ် ကလေးမလေးကို အလိုမတူဘဲ မုဒိမ်းကျင့်ဖို့ကြံရွယ်တဲ့သူကို ဖမ်းဆီးခဲ့ရတာ ဖြစ်ပါတယ် ။ ကလေးမလေးရဲ့အသံကိုကြားပြီး မုဒိမ်းမှုကျူးလွန်ဖို့ကြံစည်သူကို ဘေးပတ်ဝန်းကျင်က အချိန်မီ လက်ရဖမ်းဆီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ အမျိုးသားတစ်ချို့က မုဒိမ်းသမားကို မှတ်လောက်သားလောက်အောင် ရိုက်နှက်ဆုံးမခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Mingalar Taung Nyunt Information's FB Page
Photo Credit-Mingalar Taung Nyunt Information's FB Page
Photo Credit-Mingalar Taung Nyunt Information's FB Page
Photo Credit-Mingalar Taung Nyunt Information's FB Page

အရွယ်မရောက်သေးတဲ့ ကလေးမလေးကိုမုဒိမ်းကျင့်ဖို့ကြံရွယ်သူကို ပတ်ဝန်းကျင်ကလူတွေက ကြိုးတုပ်ပြီး ဝိုင်းဆုံးမခဲ့တာလည်း ဖြစ်ပါတယ် ။ ကလေးမလေးကို အချိန်မီကယ်တင်နိုင်ခဲ့လို့ စိတ်အေးရပေမယ့်လည်း မကြံအပ်မကြံရာကြံစည်တဲ့ မုဒိမ်းသမားကိုတော့ ပြည်သူတွေက ခွင့်မလွှတ်ပေးဘဲ ဖမ်းဆီးဆုံးမခဲ့တာ ဖြစ်ပါတယ် ။ အသက် (၁၂)နှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့်ဖို့ ကြံရွယ်တဲ့သူကို ရိုက်နှက်ဆုံးမနေတဲ့ ဗီဒီယိုဖိုင်ကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Video Credit-Mingalar Taung Nyunt Information's FB Page

Photo Credit-Mingalar Taung Nyunt Information's FB Page
Photo Credit-Mingalar Taung Nyunt Information's FB Page
Photo Credit-Mingalar Taung Nyunt Information's FB Page
Photo Credit-Mingalar Taung Nyunt Information's FB Page
https://s9.kh1.co/__image/w=650,h=384,q=100/71/71ac6792a6dbd287ae0734977b6c21ef04fb4228.jpeg

(ဗီဒီယိုကြည့်ရန်အတွက် အောက်ပါလင့်ကို ပုံထဲကအတိုင်း Select လုပ်ပါ။ ပြီးလျှင် ‌ပေါ်လာသည့် Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကိုနှိပ်၍ ကြည့်ရှုနိုင်ပါသည်။ )

https://www.facebook.com/102217342013122/posts/150815437153312/?app=fbl

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T