ညဘက်ကြီး အောက်ဆီဂျင် ကူရှာပေးရင်း အာဏာရှင်လူတစ်စုနဲ့ တွေ့ကာ ရိုက်နှက်ခံခဲ့ ရပုံတွေကို ပြောပြလာတဲ့ လူငယ်လေးများ

//s9.kh1.co/b4/b4be662da948245bac28bd7c80cf92eedc495aad.jpeg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.......

​လူငယ်တွေကတော့ နိုင်ငံရေးအခြေအနေတွေမှာလည်း ရှေ့ဆုံးကနေ ဦးဆောင်ပြီး အစစအရာရာ ပါဝင်ကာ တော်လှန်ခဲ့ကြသလို ခုလို ပြည်သူတွေ ကိုဗစ်ရောဂါဆိုးကြီးကို ရင်ဆိုင်နေရချိန်မှာလည်း လိုအပ်တာ မှန်သမျှကို သူတို့လေးတွေကပဲ နေ့ရော ညရော ကူညီပေးနေတာ တွေ့ရပါတယ် ။ ငယ်ရွယ်ပေမယ့် ကိုယ်ချင်းစာစိတ် အပြည့်နဲ့ တစ်ပါးသူကို ကိုယ်ကျိုးမကြည့်ဘဲ ကူညီပေးနေကြတာ တကယ်ကို လေးစားစရာပါ ။

Photo Credit : Original Uploader
Photo Credit : Original Uploader

ဒီလို နေ့​ရော ညရော ကူညီပေးကြရာမှာလည်း သူတို့လေးတွေ အတွက် ခုလိုကာလမှာ အရမ်းကို အခက်အခဲတွေ ရှိကြပါတယ် ။ မနေ့ညကဆိုရင်လည်း မန္တလေးမှာ လူငယ်တွေ စုပြီး ဆိုင်ကယ်နဲ့ အောက်ဆီဂျင် လိုအပ်သူတွေကို ကူညီရှာပေးရင်း လမ်းမှာ အာဏာရှင်လူတစ်စုနဲ့ တွေ့ကာ ရိုက်နှက်ခံခဲ့ရတယ်ဆိုတဲ့ ပို့စ်လေးတစ်ခု ပျံ့နှံ့ခဲ့ပါတယ် ။ သူမ အပါအဝင် သူငယ်ချင်းတွေကိုလည်း လေးခွတွေနဲ့ပါ ပစ်ကြတယ်လို့ဆိုပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

တစ်ခြားသူတွေလည်း ရှောင်ပြီး သတိထားကာ သွားလားကြဖို့ လိုအပ်ကြောင်း သူမ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို " ညီမကိုလေးခွနဲ့ထုပြီးပါးရိုက်ပါတယ် သူငယ်ချင်းလေးယောက်လုံးအရိုက်ခံရတာပါ သံတုတ်နဲ့လဲရိုက်တယ် စစ်သားတွေ ၆၂မနော်ရမ္မံရှေ့ ရှောင်မောင်းကြပါ O2အိုးတွေပါတာကိုရိုက်တာပါ " ခုလိုရေးသားဖော်ပြထားတာတွေ့ရပါတယ် ။ စိတ်ရင်းနဲ့ ကူညီနေကြတဲ့ လူငယ်လေးတွေရဲ့ ဒီစာကို ဖတ်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် သတင်းလေးကို ပြန်လည်ဝေမျှပေးရင်း အားလုံး ဘေးကင်းစွာ ကူညီနိုင်  ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T