အောက်ဆီဂျင်အိုးရဖို့ သေရေးရှင်ရေးဖြစ်နေချိန်မှာ ပိပိရိရိနဲ့လိမ်လည်သွားသူရဲ့အကြောင်းကို လူတိုင်းသတိထားမိအောင်ပြောပြလိုက်တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/db/dbc645454a746ad3a55d2f9cdac202364fe50728.jpg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အောက်ဆီဂျင်အိုးရဖို့ သေရေးရှင်ရေးဖြစ်နေချိန်မှာ ပိပိရိရိနဲ့လိမ်လည်သွားသူရဲ့အကြောင်းကို လူတိုင်းသတိထားမိအောင်ပြောပြလိုက်တဲ့ ပြည်သူတစ်ဦး

ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် ပြည်သူအများအပြားဟာ အသက်ရှူကြပ်တဲ့ဝေဒနာကိုခံစားနေရပြီး အောက်ဆီဂျင်ပေးစက်တွေလည်း လိုအပ်နေကြပါတယ်။ပြည်သူတွေအောက်ဆီဂျင်အရေးတကြီးလိုအပ်နေကြတာကို အခွင့်ကောင်းယူပြီး မသမာသူတွေက နည်းမျိုးစုံနဲ့လိမ်လည်မှုတွေပြုလုပ်လျက်ရှိနေကြပါတယ်။ ယနေ့Julyလ(20)ရက်နေ့မှာတော့ ပြည်သူတစ်ဦးဟာ အောက်ဆီဂျင်အိုးရရှိဖို့ သေရေးရှင်ရေးအခက်အခဲဖြစ်နေချိန်မှာ ပိပိရိရိနဲ့လိမ်လည်သွားသူတစ်ယောက်ကြောင့်ဒုက္ခရောက်ခဲ့ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါပြည်သူက သူ့လိုအဖြစ်မျိုး နောက်မဖြစ်ရလေအောင် သတိထားစေချင်တာကြောင့် စနစ်တကျနဲ့သေသေချာချာလိမ်လည်သွားပုံကို ပြောပြလာခဲ့ပါတယ်။အသိတစ်ယောက်က အောက်ဆီဂျင်အိုးလိုချင်တာကြောင့် လိမ်လည်ခံလိုက်ရတဲ့ပြည်သူက  Htoo Aungအမည်ရှိ online Shopတစ်ခုကမှာယူပေးခဲ့ပါတယ်။ လိမ်လည်ခံရမှာစိုးတာကြောင့် ကားပေါ်အောက်ဆီဂျင်အိုးတင်ပေးတဲ့အထိ VD Callနဲ့စကားပြောခဲ့ကြပြီး ကားဂိတ်ကိုလည်း ဖုန်းတွေသေချာဆက်မေးထားခဲ့ပါတယ်။ အောက်ဆီဂျင်အိုးတင်ပေးလိုက်တဲ့ ကားဟာ ကားဂိတ်ထဲဝင်လာလို့ပစ္စည်းသွားယူချိန်မှာတော့ လိမ်လည်ခံရတဲ့ ပြည်သူရဲ့နာမည်နဲ့ပစ္စည်းဟာ ကားပေါ်မပါလာဘဲ လိမ်လည်သွားသူဟာလည်း ဖုန်းပါစက်ပိတ်သွားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါကားဂိတ်ကလည်း ကားဂိတ်ဘောင်ချာဟာ အတုသာဖြစ်တဲ့အကြောင်း၊အောက်ဆီဂျင်အိုးကိစ္စကို ဖြေရှင်း​ပေးနေတာ လိမ်လည်ခံရတဲ့ပြည်သူနဲ့ဆိုရင် (၈)ယောက်မြောက်ရှိပြီဖြစ်တဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။လိမ်လည်ခံရတဲ့ပြည်သူက လိမ်လည်သူတွေဟာသေချာပိရိအောင်လိမ်လည်တာ​​မို့အရေးတကြီးလိုအပ်နေပေမယ့်လည်း Onlineကနေ အလွယ်မယုံမိကြဖို့ သတိပေးပြောဆိုလိုက်ပါတယ်။ဖော်ပြပါပြည်သူလိုမျိုး တစ်ခြားလူတွေလည်း လိမ်လည်ခြင်းမခံရအောင် ရင်းနှီးသူတွေမှအပ တစ်ခြားသူတွေကိုအရမ်းမယုံကြည်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T