နေအိမ်တစ်အိမ်ထဲသို့ ဓားများကိုင်ဆောင်ပြီး အနုကြမ်းစီးဖို့ ပြင်ဆင်လှုပ်ရှားနေကြတဲ့ လူတစ်စုရဲ့ CCTV မှတ်တမ်းဗီဒီယိုဖိုင်

//s9.kh1.co/f2/f2d7d24cd14501ea4fa8e0667bed475a3fe25be9.jpeg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမြန်မာနိုင်ငံတွင် စားဝတ်နေရေးအဆင်မပြေသူတွေ အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ အချို့ပြည်သူတွေမှာ သမာအာဇီဝရှာဖွေ စားသောက်ဖို့ စိတ်ကူးမရှိဘဲ ခိုးဆိုးလုယက်ဖို့သာ တွေးတောကြံစည်နေကြတာ ဖြစ်ပါတယ်။ အရင်တုန်းကလို တစ်ဦးတည်း ခိုးဝှက်မှုမျိုးတွေ သိပ်မမြင်တွေ့ရတော့ပဲ အုပ်စုလိုက် လုယက်မှုတွေ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

မကြာသေးခင် ရက်ပိုင်းလောက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး ပါရမီရပ်ကွက်ရှိ နေအိမ်တစ်အိမ်သို့ အုပ်စုလိုက် ဓားများ ကိုင်ဆောင်ပြီး အနုကြမ်းစီးဖို့ ကြံစည်နေကြတဲ့ cctv မှတ်တမ်း ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်တွင်ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ သူတို့မှာ ပါလာတဲ့ ဓားများဖြင့် ခြံတံခါးမှာ ခတ်ထားတဲ့ သော့ကို ဖျက်လို့ မရသွားတာကြောင့် ကံကောင်းစွာဖြင့် အိမ်ထဲသို့ ဝင်လို့ မရသွားခဲ့ကြပါဘူး။ နောက်ဆုံးအချိန်အထိကို ထွက်မပြေးသေးဘဲအိမ်ရှေ့မှာ ရစ်သီ ရစ်သီနဲ့ စောင့်ကြည့်နေကြပါသေးတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ဒီလို အနုကြမ်းစီးတဲ့ ဖြစ်စဉ်မျိုး နောက်ထပ် မဖြစ်ပွားရအောင် ပြည်သူတွေ အားလုံး စည်းလုံး ညီညွတ်စွာ ဝိုင်းဝန်းကူညီကြဖို့ လိုအပ်ပါတယ်။ ကိုယ့်အိမ်ပတ်ဝန်းကျင်တွင် ခိုးဆိုးလုယက်မှုတွေ ဖြစ်နေတာကို မြင်တွေ့ခဲ့ပါကအချင်းချင်း ဖုန်းဆက် အသိပေးကြပြီး လိုအပ်ပါက သံချောင်းခေါက်ပြီး အချက်ပေးကြပါ။  ပြည်သူတွေ အားလုံးသူခိုးဓားပြများ ရန်မှ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T