အောက်ဆီဂျင်ရဖို့တန်းစီနေရင်း အိမ်ကဖုန်းဆက်လာလို့ ဆက်ပြီးတန်းမစီနိုင်တော့ဘဲ ငိုနေရှာတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ ရင်နင့်စရာအဖြစ်အပျက်

//s9.kh1.co/fe/febb2f17c9d346af722f8d54fae9ad58e7ceea2e.jpeg
နေ့စဉ်သတင်းများ

 ၂၀-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အောက်ဆီဂျင်ရဖို့တန်းစီနေရင်း အိမ်ကဖုန်းဆက်လာလို့ ဆက်ပြီးတန်းမစီနိုင်တော့ဘဲ ငိုနေရှာတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ ရင်နင့်စရာအဖြစ်အပျက်

ပြည်သူလူထုကတော့ Covid-19 ကူးစက်ရောဂါပြန့်ပွါးနေမှုကို မိမိကမှစတင်၍ ကြိုတင်ကာကွယ်မှုများပြုလုပ်နေကြတာဖြစ်ပါတယ်။တချို့အိမ်ထောင်စုတွေထဲမှာလည်း ကိုဗစ်လူနာတွေရှိနေတာကြောင့် မိသားစုဝင်တွေအနေနဲ့ကျန်းမာရေးနည်းလမ်းများနဲ့အညီ ဂရုစိုက်စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။လတ်တလောမှာတော့ တချို့ကိုဗစ်လူနာတွေက အောင်ဆီဂျင်အရမ်းထိုးကျနေကြတာကြောင့် အောက်ဆီဂျင်အိုးကို အသင့်ဆောင်ထားရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပိုးတွေ့မှုနှုန်းကလည်း ထောင်ချီရှိနေတာဖြစ်လို့ အောက်ဆီဂျင်ပြတ်လပ်မှုနဲ့လည်း ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။အောက်ဆီဂျင်တစ်အိုးရဖို့အတွက် ပြည်သူတွေခမျာ တစ်နေ့လုံး တန်းစီပြီးစောင့်ဆိုင်းရတာဖြစ်ပါတယ်။အခုဆိုရင်တော့ လူငယ်လေးနှစ်ယောက်က သူတို့ရဲ့မိခင်အတွက် အောက်ဆီဂျင်အိုးရဖို့ လူအုပ်ကြားထဲမှာ မမောမပန်းနိုင်ဘဲ တန်းစီနေတာဖြစ်ပါတယ်။အဲ့ဒီလိုတန်းစီနေရင်းကပဲ သူတို့ဆီကို “အမေဆုံးသွားပြီ”လို့ အိမ်ကဖုန်းဆက်လာတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လူငယ်လေးနှစ်ယောက်က မိခင်ဆုံးတဲ့သတင်းကိုကြားသိရလို့ ဆက်ပြီးတန်းမစီတော့ဘဲ ငိုနေရှာတာဖြစ်ပါတယ်။တချို့ပြည်သူတွေလည်း အိမ်ကမိသားစုအတွက် အောက်ဆီဂျင်ရဖို့ တန်းစီနေရင်း လှည့်ပြန်သွားခဲ့ရတာတွေအများကြီးရှိပါတယ်။အဲ့ဒီနားက ပြည်သူတစ်ဦးကတော့ လက်ရှိမြေပြင်ပေါ်မှာ စိတ်မကောင်းစရာအဖြစ်အပျက်တွေ များစွာဖြစ်ပျက်နေတာကို ဓာတ်ပုံလေးရိုက်လာပြီး ပြည်သူတွေသိအောင် လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလာတာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T