မိုးတွေရွာနေလို့ ချမ်းချမ်းအေးအေးဖြစ်နေပေမယ့် အောက်ဆီဂျင်ဖြည့်ဖို့ ပင်ပင်ပန်းပန်းနဲ့စောင့်ဆိုင်းနေကြရတဲ့ တောင်ဒဂုံက လက်ရှိအခြေအနေ

//s9.kh1.co/16/163c0e15419a6f5d07762c4ac47fa72ebb6bbf8d.jpg
နေ့စဉ်သတင်းများ

 ၁၉-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

မိုးတွေရွာနေလို့ ချမ်းချမ်းအေးအေးဖြစ်နေပေမယ့် အောက်ဆီဂျင်ဖြည့်ဖို့ ပင်ပင်ပန်းပန်းနဲ့စောင့်ဆိုင်းနေကြရတဲ့ တောင်ဒဂုံက လက်ရှိအခြေအနေ

ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် သေဆုံးနေတဲ့ ပြည်သူတွေလည်းတိုးလာသလို့ အောက်ဆီဂျင်ကျပြီး အသက်ရှူကြပ်လူနာတွေလည်း တစ်နေ့တစ်ခြားပိုမိုများပြားလာခဲ့ပါတယ်။ အောက်ဆီဂျင်ပေးစက်တွေအရေးပေါ်လိုအပ်တာကြောင့် ကိုဗစ်လူနာတွေရဲ့မိသားစုဝင်တွေ၊ပရဟိတပြည်သူတွေဟာ အောက်ဆီဂျင်ဖြည့်ပေးတဲ့နေရာတွေမှာ အပင်ပန်းခံပြီးစောင့်ဆိုင်းနေကြပါတယ်။ ယနေ့Julyလ(19)ရက်နေ့မှာတော့ ပြည်သူတစ်ယောက်ဟာ အောက်ဆီဂျင်အိုးလေးဖြည့်ရဖို့အတွက် မိုးရွာကြီးထဲမှာ ထီးလေးတွေဆောင်းပြီး တန်းစီစောင့်ဆိုင်းနေရတဲ့ တောင်ဒဂုံမြို့နယ်က လက်ရှိမြေမြင်အခြေအနေကို ဗီဒီယိုရိုက်ကူးပြီးပြသလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ကိုဗစ်ရောဂါကို ကြောက်ပေမယ့်လည်း အသက်ရှူကြပ်နေပြီး အကူအညီမဲ့နေတဲ့ ကိုဗစ်လူနာတွေအတွက် ပြည်သူတွေဟာ အောက်ဆီဂျင်ဖြည့်ပေးတဲ့ နေရာတွေမှာ တန်းစီပြီး အချိန်အကြာကြီးစောင့်နေကြတာဖြစ်ပါတယ်။ အသက်ရှူကြပ်လူနာတွေအတွက် ကြောက်ရွံ့မှုကိုအန်တုပြီး ပင်ပင်ပန်းပန်းနဲ့ အောက်ဆီဂျင်လာဖြည့်နေကြတဲ့ မြန်မာပြည်သူတွေရဲ့စိတ်ဓာတ်ဟာ အရမ်းလေးစားစရာကောင်းလွန်းနေခဲ့ပါတယ်။ မိုးရေတွေရွှဲစိုနေတာကြောင့် ချမ်းချမ်းအေးအေးနဲ့ စောင့်နေကြသူတွေ၊ခြေထောက်ညောင်းလွန်းလို့ ထိုင်ခုံလေးတွေပေါ်မှာ  ထိုင်ရင်းတန်းစီနေကြသူတွေကို ကြည့်ပြီး ပြည်သူတွေက အလွန်စိတ်မကောင်းဖြစ်နေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

တောင်ဒဂုံက အခြေအနေကို ဗီဒိယိုရိုက်ကူးပြီး ပြသလာတဲ့ ပြည်သူတစ်ယောက်က အောက်ဆီဂျင်ရှာရခက်ခဲတဲ့ လက်ရှိအခြေအနေမှာ သူ့ဘက်ကိုယ့်ဘက်ငဲ့ကြည့်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။အဆိုပါပြည်သူက " Oxygenဘယ်လိုထည့်လဲ အခုချက်ချင်းမရဘူးလား ဆိုပြီးမေးနေကြလို့ ..ကျွန်တော်တို့တောင်ဒဂုံရောက်နေပါတယ်.သူ့ဘက်ကိုယ့်ဘက်ငဲ့ကြပါဦးဗျာ ကျွန်တော်တို့လဲအသက်တွေနဲ့ရင်းထားရတာ Videoလေးကြည့်ကြည့်လိုက်ပါ ဒီနေ့နေ့လည် " ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။အောက်ဆီဂျင်အိုးလေးဖြည့်ရဖို့ မိုးရွာကြီးထဲမှာ တန်းစီနေကြတဲ့ ပြည်သူတွေရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T