အာဏာရှင်လူတစ်စုကို တော်လှန်နေတဲ့ကြားကနေ အာဇာနည်နေ့ အခမ်းအနားကိုပြုလုပ်ပြီး သူရဲကောင်းတွေကို ဦးညွှတ်အလေးပြုခဲ့ကြတဲ့ KPDFတပ်သားများ

//s9.kh1.co/84/84d16f2fae91766483e6d944fdae9d412812cfb0.jpg
နေ့စဉ်သတင်းများ

 ၁၉-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးအတွက် အသက်ပေးပြီး ကြိုးပမ်းသွားခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအား ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားတွေကို နှစ်စဥ်နှစ်တိုင်း ဇူလိုင်လ(၁၉)ရက်နေ့မှာ ပြည်သူတွေက ကျင်းပပြုလုပ်ပေးခဲ့ကြပါတယ်။ ယနေ့ဇူလိုင် (၁၉)ရက်နေ့မှာလည်း (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွေကို နိုင်ငံရေးအခြေအနေတွေနဲ့ ရောဂါကူးစက်မှုတွေဖြစ်ပွားနေတဲ့ ကြားကနေ ပြည်တွင်းပြည်ပက မြန်မာပြည်သူတွေက ကျင်းပပေးခဲ့ကြတာကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် လွတ်မြောက်နယ်မြေတွေမှာ စစ်သင်တန်း တက်ရောက်နေကြတဲ့ PDF လူငယ်တွေကလည်း အာဇာနည်နေ့ အခမ်းအနားတွေကို ပြုလုပ်ကြပြီး ဂုဏ်ပြုပေးခဲ့ကြတာတွေလည်း ရှိပါတယ်။

Photo Credit - KPDF fb page
Photo Credit - KPDF fb page
Photo Credit - KPDF fb page
Photo Credit - KPDF fb page

ယခုမှာလည်း ကယားပြည်နယ်အတွင်းမှာ အာဏာရှင်လူတစ်စုကို တော်လှန်နေကြတဲ့ ကရင်နီ(KPDF)တပ်ကလည်း ယနေ့ ကျရောက်တဲ့ (၇၄) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားလေးကို မနက်ပိုင်းမှာ ပြုလုပ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ ယင်းအခမ်းအနားကိုတော့ စစ်ပညာသင်ကြားနေကြတဲ့ ရဲဘော်တွေနဲ့အတူ ပြုလုပ်ခဲ့ပြီး ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဦးညွှတ် အလေးပြုခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit - KPDF fb page
Photo Credit - KPDF fb page
Photo Credit - KPDF fb page
Photo Credit - KPDF fb page

အာဇာနည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကိုလည်း ပြည်သူတွေအတွက် လူမှုကွန်ယက်မှာ ဖော်ပြလာခဲ့တာဖြစ်ပါတယ်။အဆိုပါ ကရင်နီ(KPDF)တပ်ဟာ ပြီးခဲ့တဲ့ မေလပိုင်းလောက်ကနေစတင်ကာ အာဏာရှင်လူတစ်စုရဲ့ စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ထိ အသက်တွေရင်းပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ တပ်ဖွဲ့ပဲဖြစ်ပါတယ်။ အာဏာရှင်လူတစ်စုကို တော်လှန်နေတဲ့ ကြားကနေ ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်ခဲ့တဲ့ ကရင်နီ(KPDF)တပ်ကို ပရိသတ်တွေက ဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ပါဦး။

သတင်း အရင်းအမြစ်Source - KPDF fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T