သူရဲ့နေအိမ်နဲ့ မြတ်နိုးစွာ သိမ်းဆည်းထားတဲ့ လက်မှုပစ္စည်းများကိုရောင်းချကာ အောက်ဆီဂျင်အိုးတွေ လှူဒါန်းပေးမယ့် ဆရာဝန်တစ်ဦး

//s9.kh1.co/ba/ba09948c83b33124b13fa3c8e6ed7e058f0c3234.jpeg
နေ့စဉ်သတင်းများ

 ၁၉-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..,,,,

မြန်မာနိုင်ငံမှာ  Covid -19 ရောဂါကြောင့် အောက်ဆီဂျင် မလုံလောက်တဲ့ ပြဿနာတွေကို နေရာ အနှံ့အပြားက ပြည်သူတွေ ကြုံတွေ့ ရင်ဆိုင်နေရပါတယ် ။ အောက်ဆီဂျင် ပြတ်လပ်မှုတွေကြောင့် သေဆုံးကြသူတွေလည်း တစ်နေ့ထက်တစ်နေ့ မနည်းတော့ပါဘူး ။ ဒါ့ကြောင့် ခုဆိုရင် တတ်နိုင်သလောက် အလှူရှင် ပြည်သူတွေ ၊ ပရဟိတ အသင်းတွေ ပူးပေါင်းပြီး အောက်ဆီဂျင် လုံလောက်အောင် ဝယ်ယူလှူဒါန်းမှုတွေ ပြုလုပ်နေပါပြီ။ 

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

အခုလည်း ဆရာဝန်တစ်ဦးက သူရဲ့ နေအိမ်နဲ့ မြတ်မြတ်နိုးနိုး သိမ်းဆည်းထားတဲ့ အဖိုးတန် လက်မှုပစ္စည်းများကို ရောင်းချကာ အောက်ဆီဂျင် လိုအပ်နေသူအတွက် လှူဒါန်းပေးမယ့်အကြောင်းကို " ကျွန်တော့်နေအိမ်မင်္ဂလာကော ကျွန်တော်စုဆောင်းထိန်းသိမ်းထားတဲ့ လက်မှုပစ္စည်းများကိုပါ တစ်စုတစ်ဝေးထဲရောင်းချပြီး အောက်စီဂျင်အိုးလှူဒါန်းရန်နှင့် အဆင်မပြေသူများအား စားစရာများ ဆေးဝါနှင့်ငွေကြေးများ လှူဒါန်းလိုပါသောကြောင့် တစ်မျိုးခြင်းစီခွဲပြီးမရောင်းချပေးတာကို နားလည်ပေးစေချင်ပါတယ်ခင်ဗျာ " ဆိုပြီး ဖော်ပြထားပါတယ် ။ ဒါ့အပြင် အရင်ကလည်း အောက်စီဂျင်အိုး(၅၂၈)လုံးကို လှူဒါန်းထားသေးတယ်လို့လည်း သိရပါတယ် ။ 

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

ပိုင်ဆိုင်သမျှတွေကို စွန့်လွှတ်ပြီး အများအတွက် လှူဒါန်းပေးချင်စိတ်လေးက တကယ်ကို လေးစားစရာပါပဲ ။ အခုလို ပြည်သူတွေကြောင့်လည်း မကြာခင်မှာ အောက်ဆီဂျင် မလုံလောက်မှု ပြဿနာတွေ အမြန်ဆုံး အဆင်ပြေသွားမယ်လို့ ယုံကြည်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ပြန်လည်ဝေမျှပေးရင်း အားလုံး ဂရုတစိုက်နေထိုင်ကာ ဒီရောဂါကပ်ဆိုးကြီးကနေ ကင်းဝေးကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T