အလောင်းအများကြီးကို တစ်နေ့တည်း သုသာန်ကိုပို့ပေးရလို့ အရမ်းပင်ပန်းသွားကြပြီး ခြေပစ်လက်ပစ်လှဲချကာ အမောဖြေနေကြတဲ့ ပရဟိတသမားများ

//s9.kh1.co/52/528c06044669fd9032201c4d3a639fe9c36beacf.jpeg
နေ့စဉ်သတင်းများ

 ၁၉-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

အလောင်းအများကြီးကို တစ်နေ့တည်း သုသာန်ကိုပို့ပေးရလို့ အရမ်းပင်ပန်းသွားကြပြီး ခြေပစ်လက်ပစ်လှဲချကာ အမောဖြေနေကြတဲ့ ပရဟိတသမားများ

လူတိုင်းလွယ်လွယ်ကူကူလုပ်လို့မရနိုင်တဲ့ ပရဟိတအလုပ်တွေကို တချို့ပြည်သူတွေက ရှေ့ဆုံးကနေ ကူညီဆောင်ရွက်ပေးနေကြတာဖြစ်ပါတယ်။ပရဟိတလူငယ်လေးတွေက ပြည်သူတွေရဲ့ ဒုက္ခအခက်အခဲတွေကို မျှဝေခံစားပေးကြရင်း လက်ရှိအခြေအနေကို ရင်ဆိုင်ကျော်ဖြတ်နေရတာဖြစ်ပါတယ်။မြို့တိုင်း၊နယ်တိုင်းမှာ ပရဟိတအဖွဲ့အစည်းတွေရှိပြီး ကိုဗစ်ကူးစက်ရောဂါခံစားနေရတဲ့လူနာတွေကိုလည်း တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပရဟိတအလုပ်လုပ်ဆောင်နေကြတဲ့သူတွေက PPEတွေဝတ်ဆင်ထားရလို့ အရမ်းပူနေပေမယ့် တစ်နေ့လုံးမနားတမ်းဆောင်ရွက်ကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ မကွေးမြို့၊ကရုဏာရှင်အသင်းက ပရဟိတလူငယ်လေးတွေက တစ်နေ့တည်း ကိုဗစ်ကြောင့်သေဆုံးသူ (၁၃)ဦးနဲ့ သာမန်ရောဂါသည် (၈)ဦးတို့ကို သုသာန်ပို့ပေးပြီးနောက်အရမ်းမောပန်းသွားကြတာဖြစ်ပါတယ်။ဒါကြောင့် ပရဟိတလူငယ်လေးတွေက တွေ့တဲ့နေရာမှာပဲ ခြေပစ်လက်ပစ်လှဲချပြီး အနားယူနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မြေကြီးပေါ်မှာလည်း ဖြစ်သလိုအနားယူနေရတဲ့ ပရဟိတလူငယ်လေးတွေရဲ့ပုံကို ကြည့်ရင် အရမ်းပင်ပန်းနေတယ်ဆိုတာကို တွေ့မြင်ရပါတယ်။PPE ဝတ်ဆင်ထားရလို့ မွန်းကြပ်နေတဲ့အချိန်မှာ ပရဟိတအလုပ်တွေကို ကြိုးစားကူညီပေးနေကြတဲ့ လူငယ်လေးတွေရဲ့စိတ်ဓာတ်က လေးစားစရာကောင်းလှပါတယ်။အခုလိုမျိုး တခြားသူအပေါ်မှာ မေတ္တာတရားနဲ့ကူညီပေးရင်း စိတ်သဘောထားပြည့်ဝကြတဲ့ ပရဟိတသမားတွေရဲ့ပုံရိပ်တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T