ကိုဗစ်ကူးစက်ခံရပြီး အသက်ရှုရခက်ခဲနေတာကြောင့် အောက်ဆီဂျင်လိုအပ်နေတဲ့ ဘိုးဘွားရိပ်သာမှ အဖိုးအဖွားများ

//s9.kh1.co/59/5982900a260a0842703645ea53388098b4d0b50e.jpeg
နေ့စဉ်သတင်းများ

 ၁၉-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

မြန်မာပြည်အတွင်းဖြစ်ပွားနေတဲ့ ဗီဇပြောင်းကိုဗစ်ရောဂါဆိုးကြောင့် သက်ကြီးရွယ်အို အဖိုးအဖွားတွေမှာလည်း ဝေဒနာရဲ့ ဖိစီးမှုတွေကို အံတုရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်..။

လူကြီးလူငယ် လူတန်းစားမရွေး ကူးစက်နေကြတဲ့ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေမှာ တတ်နိုင်တဲ့ဘက်ကနေ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နေတဲ့ကြားက သေဆုံးသူတွေ များပြားနေတာပါ..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

​လက်ရှိမှာလည်း ဘိုးဘွားရိပ်သာမှ အသက်အရွယ်ကြီးရင့်နေတဲ့ အဖိုးအဖွားတွေဟာ ကိုဗစ်ကူးစက်ခံရပြီး အသက်ရှုရခက်ခဲနေတာကြောင့် အောက်ဆီဂျင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်..။

မြောက်ဒဂုံသာလွန်သူ ဘိုးဘွားရိပ်သာမှာ အဖိုးအဖွားတွေအတွက် အောက်ဆီဂျင်တွေ လိုအပ်နေတဲ့အကြောင်း ပြည်သူတစ်ဦးက လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

လက်ရှိမှာတော့ အဖိုးအဖွားတွေဟာ ပတ်ဝန်းကျင်ရဲ့စောင့်ကြည့်ခြင်းခံနေရပြီး အရေးပေါ်အတွက် အောက်ဆီဂျင်ကူညီထောက်ပံ့ပေးတဲ့ နေရာတွေမှာသွားရှုဖို့အတွက်တောင် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်..။

အောက်ဆီဂျင် အခက်အခဲဖြစ်နေကြတဲ့ အဖိုးအဖွားတွေအတွက် အကူညီပေးလိုပါက အောက်ဆီဂျင်ဝယ်ပြီး ပို့ပေးကူညီနိုင်တာကြောင့် တတ်နိုင်သလောက် ပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံတိုက်တွန်းလိုက်ပါတယ်နော်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T