ကိုဗစ်ပိုးကြောင့်မသေဘဲ လုပ်ငန်းသုံးအောက်ဆီဂျင်မဟုတ်တဲ့အိုးကို ရှူမိလို့ သေဆုံးသွားတဲ့မိခင်ရဲ့အကြောင်းကိုရင်နာနာနဲ့ဖွင့်ဟလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/29/29f7f79af3320f04db47a4f465a81d92f3a205d5.jpeg
နေ့စဉ်သတင်းများ

 ၁၉-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်ပိုးကြောင့်မသေဘဲ လုပ်ငန်းသုံးအောက်ဆီဂျင်မဟုတ်တဲ့အိုးကို ရှူမိလို့ သေဆုံးသွားတဲ့မိခင်ရဲ့အကြောင်းကိုရင်နာနာနဲ့ဖွင့်ဟလာတဲ့ ပြည်သူတစ်ဦး

ဒီကာလမှာ ပြည်သူတွေခမျာ ကိုဗစ်တတိယလှိုင်းကို အလူးအလဲခံစားနေရတာတောင် စီးပွါးရေးအမြတ်ထုတ်နေကြတဲ့လူတချို့နဲ့လည်း ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ကိုဗစ်ကူးစက်ရောဂါခံစားနေရတဲ့ လူနာတွေ တစ်နေ့ထက်တစ်နေ့များပြားလာတာကြောင့် အောက်ဆီဂျင်မလောက်ငှမှုတွေလည်း ရှိပါတယ်။တချို့ပြည်သူတွေဆိုရင် မိမိတို့မိသားစုထဲမှာ ကိုဗစ်ရောဂါခံစားနေရသူရှိတာကြောင့် အောက်ဆီဂျင်လေးတစ်အိုးရဖို့အတွက် တစ်နေကုန်တန်းစီစောင့်ခဲ့ရရှာတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လတ်တလောမှာတော့ အောက်ဆီဂျင်အိုးနဲ့ပတ်သက်ပြီး အမြတ်ထုတ်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။တချို့စီးပွါးရေးသမားတွေက CNG အိုးတွေကို ဝယ်ပြီး ခေါင်းဖြုတ်ကာ အထဲကို ဆေးကြောပြီး အောက်ဆီဂျင်ခေါင်းပြောင်းတပ်ကြတာဖြစ်ပါတယ်။CNG ဂျိုးတွေက ဘယ်လိုမှဆေးလို့မပြောင်တာကို အောက်ဆီဂျင်ထပ်မံထည့်ပြီးရောင်းချကြတာဖြစ်ပါတယ်။မသိတဲ့ပြည်သူတွေက ဝယ်ယူပြီး လူနာကိုပေးရှူလိုက်တဲ့အခါ အသက်ဆုံးရှုံးမှုတွေလည်း ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း ပြည်သူတစ်ဦးက သူ့ရဲ့မိခင်ခမျာ ကိုဗစ်ကြောင့် မသေဘဲ လုပ်ငန်းသုံးအောက်ဆီဂျင်မဟုတ်တဲ့အိုးကို ရှူမိလို့ အသက်ဆုံးရှုံးခဲ့ရကြောင်းကို ရင်နာနာနဲ့ဖွင့်ဟလာတာဖြစ်ပါတယ်။ကိုဗစ်ကူးစက်ရောဂါခံစားနေရတဲ့လူနာတွေခမျာ ရောဂါကိုတိုက်ထုတ်နေရချိန်မှာ ဒီလိုစီးပွါးရေးသမားတွေကြောင့် မသေသင့်ဘဲသေဆုံးနေရတာဖြစ်ပါတယ်။ဒါ့ကြောင့် တချို့စီးပွါးရေးသမားတွေအနေနဲ့ ရခဲလှတဲ့လူ့အသက်ကို ဒီလိုမလုပ်ကြပါနဲ့လို့ အနူးအညွတ်မေတ္တာရပ်ခံရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T