ကံကောင်းလို့ အသက်မှီခဲ့သည့် အမျိုးသမီးတစ်ဦး

အခုတစ်လောပိုင်းမှာ ကြောက်စရာကောင်းတဲ့ မှုခင်းတွေ မုဒိမ်းကျငိ့သတ်ဖြတ်မှုတွေ လူသတ်မှုတွေ တစ်ခုမဟုတ်တစ်ခု ထွက်ပေါ်လာနေပါတယ်။ ဒီအထဲမှာမှ မုဒိမ်းမှုတွေကို ကွက်စိပ်တွေ့လာရပါတယ်။ အခုလည်း ကောင်မလေးတစ်ယောက်ကို ဓားထောက် အဓမ္မပြုကျင့်ဖို့ကြိုးစားတဲ့ အမှု ယနေ့မနက်ခင်းပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။

ယနေ့ ၂၂ ရက်နေ့ မနက်ခင်း ၈နာရီ ၄၅မိနစ် အချိန်တွင် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းမ ညောင်ပင်မှတ်တိုင် ယမုံနာလမ်းသွယ်တွင် အမျိုးသမီးတစ်ဦးကို ဓားဒဏ်ရာဖြင့် ကားပေါ်က ပစ်ချသွားပါတယ်။ တခဏလေးအတွင်း ရုပ်ရှင်ဆန်ဆန်ဖြစ်ပျက်သွားတာပါ။ အနီးအနားမှာရှိတဲ့လူတွေက ဆေးရုံကို ပို့ပေးခဲ့လို့ အသက်မီခဲ့တာပါ။ ကောင်မလေးမှာ အသက် ၁၈ နှစ်ခန့်သာရှိပြီး ဆရာစံလမ်း မြောက်ဒဂုံတွင် နေထိုင်သူဖြစ်ကြောင်း သိရပါတယ်။

ထို ကောင်မလေး၏ ပြောပြချက်အရ လမ်းလျှောက်နေစဉ် ကားပေါ်ဆွဲတင်မောင်းပြေးပြီး ကားပေါ်မှာ အဓမ္မပြုကျင့်ဖို့ကြိုးစားခဲ့တယ်လို သိရပါတယ်။ ထိုကောင်မလေးမှာ လည်ပင်းဓါးဒဏ်ရာ ၂ ချက် ဘယ်ဘက်လက် ဓါးဒဏ်ရာ ၂ ချက် ဦးခေါင်းရိုက်နှက်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပါတယ်။ အခုတော့ ပုလဲမြို့ အရန်မီးသတ်တပ်ဖွဲ့မှ အချိန်မီ ဆေးဝါးကုသမှုများပြုလုပ်ကာ မေဝါဝီဆေးရုံသို့ပို့ဆောင်ပေးခဲ့တာကြောင့် အသက်တော့မီခဲ့ပါတယ်။

တကယ်ကို ကြောက်စရာကောင်းတဲ့ မှုခင်းသတင်းတစ်ခုပါ။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ တစ်ယောက်တည်းအပြင်သွားမယ့်အစား အဖော်လေးတစ်ယောက်လောက်တော့ ပါရင်ကောင်းပါတယ်။ မတတ်သာလို့ သွားရမယ်ဆိုရင်လည်း အစစအရာရာ သတိထားသင့်ပါတယ်။ ဘယ်သူက ကိုယ့်ကို စောင့်ကြည့်နေမလဲဆိုတာမသိနိုင်လို့ သတိထားတာ ပိုတယ်မရှိပါဘူး ခင်ဗျာ။

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။