သရုပ်ဆောင် တိုင်ရွန်ကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူအမှန်တရားဘက်မှ ရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် မကြာသေးခင် ရက်ပိုင်းလောက်က တိုင်ရွန်တစ်ယောက် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း တိုင်ရွန်ရဲ့သတင်းကို ကြားပြီး သူ့အတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်။

Photo Crd-Tyron Bejay’s Facebook Account 
Photo Crd-Tyron Bejay’s Facebook Account 

ရက်ပိုင်းလောက် ဖမ်းဆီးခံခဲ့ရပေမယ့် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်တဲ့အကြောင်းကို ပရိသတ်တွေ စိတ်မပူကြစေဖို့ မကြာသေးခင် နာရီပိုင်းလောက်က တိုင်ရွန်ရဲ့ Facebook Story မှာ တင်ထားတာ ဖြစ်ပါတယ်။ သူကလည်း " ကျွန်တော် ပြန်လွတ်နေပါပြီ။ ဖမ်းခံရတာက July 8 ကပါ တင်လို့မရလို့သာ မတင်တာပါ ခင်ဗျာ။ အခုအားလုံးအဆင်ပြေသွားပါပြီ စိတ်ပူပေးကြလို့ ကျေးဇူးတင်ပါတယ် " ဆိုပြီး ​အသိပေးရေးသားထားတာ ဖြစ်ပါတယ်။အခက်အခဲတွေကြားက သူ့ကိုစိတ်ပူနေတဲ့ ပရိသတ်တွေကို ဂရုတစိုက်ရှိပေးတဲ့ တိုင်ရွန်ရဲ့ စိတ်ထားကတော့ ချီးကျူးစရာ ကောင်းလှပါတယ်။

Photo Crd-Tyron Bejay’s Facebook Account 
Photo Crd-Tyron Bejay’s Facebook Account 

ဓမ္မဘက်ကနေ အခိုင်အမာရပ်တည်ခဲ့ကြတဲ့ အနုပညာရှင်အချို့လည်း အကျဉ်းထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်တာကြောင့် အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့  ပရိသတ်တွေက ဆုတောင်းမေတ္တာပို့သပေးနေကြတာဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူများနဲ့ တိမ်းရှောင်နေကြရသူများ အားလုံး မိသားစုဝင်များနဲ့ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Tyron Bejay’s Facebook Account 

Photo Crd-Tyron Bejay’s Facebook Account 
Photo Crd-Tyron Bejay’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။