မြန်မာ့နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် အမြင့်ပေ(၁၃၀၀၀)ကနေ ဘေးကင်းကင်းနဲ့လေထီးခုန်ဆင်းပြခဲ့တဲ့ ဦးခွန်ဆိုင်းရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/b9/b93053b840480e6b990ad1453827b23c6966cd0e.jpg
နေ့စဉ်သတင်းများ

 ၁၉-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

မြန်မာ့နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် အမြင့်ပေ(၁၃၀၀၀)ကနေ ဘေးကင်းကင်းနဲ့လေထီးခုန်ဆင်းပြခဲ့တဲ့ ဦးခွန်ဆိုင်းရဲ့ဗီဒီယိုဖိုင်

ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေကလည်းအာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးကို ပုံစံမျိုးစုံနဲ့ပြုလုပ်နေကြသလို ပြည်ပမှာရှိတဲ့ မြန်မာပြည်သူတွေကလည်း တော်လှန်ရေးအောင်မြင်ဖို့ ရရာနည်းလမ်းတွေကိုသုံးပြီး ကြိုးစားနေကြပါတယ်။ (၁၉၇၄)ခုနှစ်ဦးသန့်အရေးအခင်း၊ (၁၉၇၅)ခုနှစ်ကျောင်းသားအရေးအခင်းတွေမှာ တတ်တတ်ကြွကြွပါဝင်ခဲ့တဲ့ ဆေးကျောင်းသားဟောင်းဦးခွန်ဆိုင်းဟာ နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် လေထီးခုန်ဆင်းပြမယ့်အကြောင်း ပြီးခဲ့တဲ့Julyလ(2)ရက်နေ့က ပြည်သူတွေကို အသိပေးထားခဲ့ပါတယ်။ မြန်မာပြည်ရဲ့အနာဂတ်အတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်ချင်ပြီး တော်လှန်ရေးမှာတာဝန်ကျေချင်တာ​ကြောင့် အခုလိုလေထီးခုန်ကမ်ပိန်းပြုလုပ်ရခြင်းဖြစ်တဲ့အကြောင်း ဦးခွန်ဆိုင်းက ရှင်းပြထားပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

Julyလ(18)ရက်နေ့ မနေ့ကတော့အင်္ဂလန်နိုင်ငံမှာ နေထိုင်နေတဲ့ ဦးခွန်ဆိုင်းဟာ မြန်မာ့နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် လေထီးခုန်ဆင်းပြခဲ့ပါတယ်။ အသက်(၆၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးခွန်ဆိုင်းဟာ အမြင့်ပေ (၁၃,၀၀၀)ကနေ လေထီးခုန်ဆင်းပြခဲ့တာဖြစ်ပြီး အသက်အန္တရာယ်ကင်းရှင်းစွာနဲ့ အောင်မြင်စွာဆင်းသက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဦးခွန်ဆိုင်းရဲ့ လေထီးခုန်တဲ့ ကမ်ပိန်းကို အင်္ဂလန်ရောက်မြန်မာပြည်သူတွေအများအပြားလာရောက်ကြည့်ရူခဲ့ကြပြီး အားပေးခဲ့ကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဦးခွန်ဆိုင်းကတော့ လေထီးခုန်ကမ်ပိန်းမှ ရရှိတဲ့အလှူငွေတွေကို မြန်မာပြည်ကအခက်အခဲဖြစ်နေတဲ့နေရာတွေဆီလှူဒါန်းမှာဖြစ်ပြီး ဝိုင်းဝန်းလှူဒါန်းကြတဲ့ ပြည်သူတွေကို ကျေးဇူးအထူးတင်ရှိတဲ့အကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြောဆိုထားခဲ့ပါတယ်။ နွေဦးတော်လှန်ရေးအောင်မြင်ဖို့ တတ်နိုင်တဲ့နေရာကနေ ကြိုးစားပေးနေတဲ့ ဦးခွန်ဆိုင်းကို ပြည်သူတွေက ချီးကျူးစကားတွေပြောဆိုနေကြပါတယ်။ အမြင့်ပေ(၁၃,၀၀၀)ကနေ ဘေးကင်းကင်းနဲ့ အောင်မြင်စွာဆင်းသက်နိုင်ခဲ့တဲ့ ဦးခွန်ဆိုင်းရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T