တစ်အိမ်လုံး ကိုဗစ်ကူးစက်ခံထားရပြီး အောက်ဆီဂျင်တွေ ထိုးကျနေတာကြောင့် အလံအဝါထောင်ကာ အကူအညီတောင်းခံနေတဲ့ ရင်နင့်စရာ ဖြစ်ရပ်လေး

//s9.kh1.co/e8/e8b76f53ae639f9ccdc864fc24a883e599d953e7.jpeg
နေ့စဉ်သတင်းများ

 ၁၉-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့ ကိုဗစ်ကို ပထမလှိုင်းနဲ့ ဒုတိယ လှိုင်းမှာ အဆင်ပြေစွာ အားတင်း ဖြတ်ကျော်နိုင်ခဲ့ပေမယ့် ခု တတိယလှိုင်းကိုတော့ အတော်လေး ခက်ခဲစွာ ရင်ဆိုင်နေရပါတယ် ။ ဆေးကုသဖို့ နေရာတွေလည်း ရေရေရာရာ မရှိသလို ဆေးရုံတွေ သွားရောက်ရင်တောင် လက်မခံဘဲ ပြန်လွှတ်ခဲ့ကြတယ်လို့ တစ်ချို့ ပရဟိတ အသင်းတွေ ပြောကြားထားတာတွေ့ရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

အဲ့လို အခြေအနေတွေမှာ ပြည်သူတွေက ဘယ်မှလည်း သွားမကုရဲတော့ဘဲ အိမ်မှာပဲ အဆင်ပြေသလို ကုသရင်း တစ်မိသားစုလုံး ကူးစက်ကြသည်အထိ ဖြစ်ကုန်ကြပါပြီ ။ တစ်အိမ်သားလုံး ရောဂါဝေဒနာခံစားနေရသူတွေဆိုရင် အပြင်လည်း မထွက်နိုင်တာကြောင့် အစစအရာရာ အခက်အခဲတွေများစွာကို ရင်ဆိုင်နေရတာတွေ တွေ့ရပါတယ် ။ အခုလည်း တောင်ဥက္ကလာက အိမ်တစ်အိမ်မှာ တစ်မိသားစုလုံး ကိုဗစ်ဖြစ်နေတာကြောင့် အိမ်ရှေ့မှာ အလံအဝါလေးထောင်ကာ အကူအညီတောင်းခံနေတဲ့ ပို့စ်လေး လူမှုကွန်ရက် စာမျက်နှာထက်မှာ  ပျံ့နှံ့ခဲ့ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

မိသားစု သုံးဦးလုံး ရောဂါ ကူးစက်ခံထားရပြီး ခင်ပွန်းဖြစ်သူကလည်း အောက်ဆီဂျင်တွေ ထိုးကျလျက်ရှိတယ်လို့ သိရပါတယ် ။ အပြင်လည်းမထွက်နိုင်တာကြောင့် အကူအညီလိုအပ်နေကြောင်းကိုလည်း " အမှတ် ၇၀ သူရ ၁ လမ်း ​၉ရပ်ကွက် ​တောင်ဥက္ကလာ မှာ အဝါ​ရောင်အလံထူထားတာကို​တွေ့ရပါတယ်ရှင် အိမ်သား ၃ ​ယောက်လုံး covid ဖြစ်​နေတာပါတဲ့ သူ့အမျိုးသားက အခုမနက် 8:50 နာရီ မှာ O2 က 73 ပါ ​အောက်ဆီဂျင်လဲမရ​​သေးပါဘူးတဲ့ရှင့် ကျွန်မလဲနိုင်သ​လောက်ကူ​ပေး​နေပါတယ် ​တောင်ဥက္ကလာသား​တွေ ဝိုင်းဝန်းကူညီ​ပေးလို့ရ​အောင် အိမ်ရှင်အမတင်ခိုင်းလို့ ကူညီတင်​ပေးတာပါရှင် ကူညီကြပါအုန်း​​နော် အိမ်ရှင်အမည် မသီတာ Ph:09450015838 " အကြောင်းစုံရေးသားဖော်ပြထားရာ ပရိသတ်ကြီးကို ပြန်လည်ဝေမျှပေးရင်း အမြန်ဆုံး အဆင်ပြေပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T