မိခင်နဲ့ ဗိုက်ထဲက အမွှာပူးကလေးတွေရဲ့အသက်ကို မကယ်တင်ပေးလိုက်နိုင်လို့ အရမ်းဝမ်းနည်းပြီး ယူကြုံးမရဖြစ်နေတဲ့ ပရဟိတလူငယ်လေးတစ်ဦး

//s9.kh1.co/24/246a560ff32485e82c5cfb2c0f5d8e8bfad89622.jpeg
နေ့စဉ်သတင်းများ

 ၁၉-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မိခင်နဲ့ ဗိုက်ထဲက အမွှာပူးကလေးတွေရဲ့အသက်ကို မကယ်တင်ပေးလိုက်နိုင်လို့ အရမ်းဝမ်းနည်းပြီး ယူကြုံးမရဖြစ်နေတဲ့ ပရဟိတလူငယ်လေးတစ်ဦး

လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်တတိယလှိုင်းမှာတော့ သက်ကြီးရွယ်အိုတွေအပြင် ကိုယ်ဝန်ဆောင်မိခင်၊ကလေးငယ်တွေလည်း Covid positive နဲ့ အသက်ဆုံးရှုံးနေရတာပဲဖြစ်ပါတယ်။ပြည်သူတွေကလည်း အချင်းချင်းကူညီဖေးမမှုနဲ့ပဲ ဒီရောဂါဆိုးကြီးကို တိုက်ထုတ်နေရတာဖြစ်ပါတယ်။ပြည်သူတိုင်းနီးပါးက ဒီကာလမှာ ပရဟိတအလုပ်တွေကိုတတ်နိုင်သလောက်လုပ်ဆောင်ကြပြီး ကိုဗစ်ရောဂါခံစားနေရသူတွေကိုလည်း အားပေးစကားပြောပေးနေကြတာဖြစ်ပါတယ်။

Photo Credit:MOHS’s FB Page
Photo Credit:MOHS’s FB Page
Photo Credit:MOHS’s FB page
Photo Credit:MOHS’s FB page

တချို့လူငယ်လေးတွေကလည်း ဒီအခြေအနေကြောင့် PPE ဝတ်စုံတွေဝတ်ဆင်ပြီး ကိုဗစ်လူနာတွေကို လိုက်လံကူညီပေးနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ ပရဟိတလူငယ်လေးတစ်ဦးက ကိုယ်ဝန်ဆောင်မိခင်ကို ကြိုးစားပြီးကူညီပေးခဲ့မယ့် အသက်ကိုမကယ်လိုက်နိုင်လို့ အရမ်းဝမ်းနည်းနေတာဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်က အမွှာပူးရင်သွေးလေးတွေကို လွယ်ထားရတဲ့အပြင် အောက်ဆီဂျင်(၆၀)လောက်နဲ့ အသက်လုနေခဲ့ရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုယ်ဝန်ဆောင်အမျိုးသမီးကို Ambulance ပေါ်တင်ပြီး ဆေးရုံသွားပို့တဲ့အခါမှာ ဆေးရုံက လက်မခံခဲ့ဘူးလို့ သိရပါတယ်။ကားပေါ်မှာ အောက်ဆီဂျင်နည်းနေလို့ လက်ခံပေးပါပြောလည်း လုံးဝလက်မခံတာကြောင့် အိမ်ကိုပဲအရောက်ပြန်မောင်းခဲ့ရတာဖြစ်ပါတယ်။အိမ်ရောက်တော့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အသက်ကိုကယ်ခဲ့ပေမယ့်တစ်ချက်သတိလည်လာပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ပရဟိတလူငယ်လေးကတော့ လူသားသုံးယောက်ရဲ့အသက်ကို မကယ်တင်ပေးလိုက်နိုင်လို့ အရမ်းခံစားနေရတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T