မီးသင်္ဂြိုဟ်ဖို့ မနိုင်တော့လို့ အကုန်စုထားရသည်အထိ ဆိုးရွားလျက်ရှိနေတဲ့ ထိန်ပင် သုသာန်က Dead Body များရဲ့ လက်ရှိအခြေအနေ

//s9.kh1.co/e3/e3cb9af1cebb785c6c5a1ece3bef98d330af2540.jpeg
နေ့စဉ်သတင်းများ

 ၁၉-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

ကိုဗစ် ရောဂါ ကူးစက်ခံရသူတွေ များပြားလျက်ရှိသလို သေဆုံးသူတွေလည်း တစ်နေ့ထက် တစ်နေ့ တိုးတိုးလာလျက်ရှိပါတယ် ။ ဒါ့ကြောင့်လည်း ခုဆို ရေဝေး သုသာန်တွေမှာ Dead Body တွေကို မီးသင်္ဂြိုဟ်ဖို့ မနိုင်တော့လောက်အောင်အထိ ဆိုးရွားလျက်ရှိပါတယ် ။ ကိုယ့်မိသားစု​ဝင် အသက်ဆုံးရှုံးရလို့ ပူလောင်မှုကတစ်မျိုး ချက်ချင်း မ သင်္ဂြိုဟ်နိုင်တဲ့ အခက်အခဲတွေက တစ်မျိုးနဲ့ ဘယ်လောက်စိတ်သောက ရောက်ကြမလဲ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

မနေ့ကဆိုရင်လည်း ထိန်ပင် သုသာန်မှာ တစ်ခါ မီးသင်္ဂြိုဟ်ရင် ၂ လောင်း ပြိုင်တူ ထည့်ရတဲ့ အခြေအနေတွေ ရှိနေပြီး ဒါတောင် မပြီးလို့ အကုန်လုံး စုထားရတာတွေကို ပုံထဲမှာ တွေ့မြင်ရမှာပါ ။ တစ်ချို့ဆို သေသေချာချာ ထုတ်ပိုးထားတာမျိုး မဟုတ်ဘဲ ဒီတိုင်း လာချထားတာတွေတောင် ရှိတယ်လို့ လည်း သိရပါတယ် ။ တကယ်ကို မစည်ကားသင့်တဲ့ နေရာတွေမှာ စည်ကားနေတာ မမြင်ရက်စရာတွေပါပဲ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ခုလိုမျိုး အခြေအနေတွေ ဒီထက်ပို မဆိုးရအောင် ပြည်သူတွေ အနေနဲ့ အရမ်းကို ဂရုစိုက်နေထိုင်သင့်ပါတယ် ။ ကိုယ့်ကြောင့် ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေ ထိခိုက် ဆုံးရှုံးရမယ်ဆိုရင် တကယ်ကို တစ်သက်လုံး ဖြေဆည်မရနိုင်တဲ့ ဖြစ်ရပ်တွေပါ ။ ရောဂါ ကူးစက်ခံရရင်တောင်မှ သေချာ ဂရုတစိုက် နေထိုင်ဖို့ အရမ်းလိုအပ်ပါတယ် ။ပရိသတ်ကြီးအတွက် လက်ရှိ ထိန်ပင် သုသာန်က ဖြစ်ရပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။ 

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T