ဆန်အလှူဒါနလုပ်နေစဉ် ကားထိုးရပ်ပြီး လက်အုပ်လေးချီကာပြောလိုက်တဲ့ လူတစ်ယောက်ရဲ့ စကားလေးကြောင့် မျက်ရည်ကျခဲ့ရတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/41/41019190763d8d1656bc551756089727b3faca0d.jpg
နေ့စဉ်သတင်းများ

 ၁၉-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဆန်အလှူဒါနလုပ်နေစဉ် ကားထိုးရပ်ပြီး လက်အုပ်လေးချီကာပြောလိုက်တဲ့ လူတစ်ယောက်ရဲ့ စကားလေးကြောင့် မျက်ရည်ကျခဲ့ရတဲ့ ပြည်သူတစ်ဦး

ကိုဗစ်တတိယလှိုင်းကြောင့် အသက်ရှူကျပ်ပြီး နေ့စဥ်အသက်သေဆုံးလျက်ရှိနေကြသလို ပြည်သူအများအပြားဟာလည်း ကိုဗစ်ကူးစက်မှုတွေကြောင့် အပြင်ထွက်မရဘဲ စားဝတ်နေရေးခက်ခဲတဲ့ ပြဿနာကို ရင်ဆိုင်နေရရှာပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုတွေအပါအဝင် ကိုဗစ်ရောဂါတွေကြောင့် ဒုက္ခရောက်နေသူတွေကို ပြည်သူတွေကလည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေကြပြီး လှူဒါန်းမှုတွေပြုလုပ်ပေးကြပါတယ်။ Julyလ(18)ရက်နေ့ မနေ့ကတော့ ပြည်သူတစ်ယောက်ဟာ မိုးရွာရွာထဲမှာ လမ်းသွားလမ်းလာတွေကိုတားပြီး ဆန်တွေအလကားပေးဝေနေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ကိုဗစ်​ကူးစက်မှုတွေကြောင့် လူစုလူဝေးဖြစ်မှာစိုးလို့ မကြေငြာဘဲ လမ်းမှာတွေ့တဲ့ ပြည်သူတွေကိုဆန်တွေပေးဝေနေခဲ့တာပဲဖြစ်ပါတယ်။ သွားလာလှုပ်ရှားနေကြသူတွေကို အခုလိုဆန်တွေပေးလှူနေတုန်း ကားထိုးရပ်ပြီး လက်အုပ်လေးချီကာ မေးမြန်းလိုက်တဲ့ လူတစ်ယောက်ရဲ့ မေးခွန်းလေးတစ်ခုကြောင့် ဆန်ဝေနေတဲ့ အမျိုးသမီးဟာ အလွန်စိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။ အဆိုပါလူတစ်ယောက်က အသံတုန်တုန်ရီရီလေးနဲ့ အောင်ဆီဂျင်ပေးတဲ့နေရာလေး လမ်းညွှန်ပေးပါဆိုပြီး ရိုရိုသေသေပြောလိုက်တဲ့စကားလေးကြောင့် ဆန်ဝေနေတဲ့အမျိုးသမီးဟာ အလိုလိုမျက်ရည်တွေကျခဲ့ရကြောင်း ပြောပြလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဆန်အလှူဒါနပြုလုပ်နေတဲ့ အမျိုးသမီးက " ဆန်ဝေတဲ့အချိန်လမ်းကလူတွေ တားပြီးပေးတုန်းဒီကား ထိုးရပ်လာတယ်လက်အုပ်လေးချီပြီး ဘာပြောလဲ သိလားအောင်ဆီဂျင်ပေးတဲ့နေရာလေးလမ်းညွှန်ပါတဲ့အသံတွေလည်း တုန်လို့ငါ အပိုမပြောဘူးပုံကို ကြည့်လက်အုပ်လေး ချီထားတာငါ ဘာကို ဆဲရမလဲမဆဲနိုင်တော့ဘူး ငါလုပ်တတ်တာ မျက်ရည်ပဲကျတတ်တော့တယ် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ အောက်ဆီဂျင်စက်ရှာရခက်ခဲတဲ့ လက်ရှိမြေပြင်အခြေအနေကို ပေါ်လွင်စေတဲ့ အဆိုပါစာလေးကိုဖတ်ပြီး ပြည်သူအများအပြားကလည်းစိတ်မကောင်းဖြစ်ကာဝမ်းနည်းနေကြပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T