ကျန်းမာရေးမကောင်းတဲ့ အမေအိုကြီးတစ်ယောက်ကို ဘုရားတန်ဆောင်းအတွင်းမှာ လာရောက်စွန့်ပစ်ခဲ့လို့ လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့တဲ့ ပြည်သူများ

//s9.kh1.co/2d/2dba1cad82c77d1e49c83936d383966acf9ea69f.jpg
နေ့စဉ်သတင်းများ

 ၁၈-လိုင်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာပြည်သူတွေကတော့ လက်ရှိမှာ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုဒဏ်တွေနဲ့ ပြန်လည်ဖြစ်ပွားလာခဲ့တဲ့ တစ်ကျော့ပြန် ကိုဗစ်တတိယလှိုင်းကြောင့် အသက်သေဆုံးနေရတဲ့ အဖြစ်မျိုးတွေအပြင် လူမှုရေး ၊စီးပွားရေး၊ ပညာရေးတွေကိုလည်း ထိခိုက်ဆုံးရှုံးမှုတွေ ဆိုးရွားစွာခံစားနေရရှာပါတယ်။ ဒါ့အပြင် တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ ပြည်သူတွေလည်း လတ်တလောမှာ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရတာကိုလည်း တွေ့မြင်ကြရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယခုရက်ပိုင်းမှာလည်း တချို့မြို့နယ်တွေမှာဆိုရင် စားဝတ်နေရေးတွေ ခက်ခဲလာတဲ့အခြေအနေတွေကြောင့် ခိုးမှု၊ လုယက်မှုတွေ မကြာခဏဖြစ်ပွားလာခဲ့တာတွေ ရှိလာခဲ့ပါတယ်။ ဒီလို အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေရဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်တွေလည်း နေ့စဥ်အမျှဆိုသလို ကြားသိနေရပါတယ်။ ယခုမှာလည်း စိတ်မကောင်းစရာ သတင်းလေးတစ်ခု လူမှုကွန်ယက်မှာ ထပ်မံပျံ့နှံ့လာခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

ဒီသတင်းကတော့ ရောဂါကူးစက်မှုတွေမြင့်တက်နေတဲ့အချိန်မှာ ကျန်းမာရေးမကောင်းတဲ့ အ​မေအိုတစ်ယောက်ကို ပုဂံ ရွှေစည်းခုံ တန်ဆောင်းအတွင်းမှာ လာရောက်စွန့်ပစ်သွားခဲ့တဲ့ ဖြစ်ရပ်လေးပဲ ဖြစ်ပါတယ်။ သားသမီးတွေက လာရောက်စွန့်ပစ်ခဲ့တဲ့ အမေအိုကိုတော့ ရဟန်းသံဃာတော်တွေနဲ့ မြို့နေ ပရဟိတအသင်းက လုံခြုံမှုရှိတဲ့ နေရာကိုကူညီပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါ အမေအိုကြီးကို ကူညီလုပ်ဆောင်ပေးခဲ့တဲ့ ဗီဒီယိုလေးကို စိတ်မကောင်းစွာနဲ့ ပြန်လည်ကြည့်ရှုလို့ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=273,q=100/5c/5c87161b370be124363ab77438e3c3e8eddde7a5.jpg

(ဗီဒီယို ကြည့်ရန်အတွက် အောက်ပါ link ကို ပုံထဲက အတိုင်း Select ပေးပြီး Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကို နှိပ်၍ ကြည့်ရှု့နိုင်ပါသည်)

https://m.facebook.com/story.php?story_fbid=883716272240233&id=100018056048134

သတင်း အရင်းအမြစ်Video Credit & Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T