နေအိမ်အခန်းထဲမှာပဲ ကိုဗစ်ရောဂါနဲ့ လူမသိသူမသိ သေဆုံးနေတဲ့ ရုပ်အလောင်းကို ခဲရာခဲဆစ် ထုတ်ယူခဲ့ရတဲ့ မကွေးမြို့က ဖြစ်ရပ်လေးတစ်ခု

//s9.kh1.co/1c/1c9d06f8f88ad7b257517f918f1d7b582407d508.jpg
နေ့စဉ်သတင်းများ

 ၁၈-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမှာ ဗီဇပြောင်း ကိုဗစ်ရောဂါ ကူးစက်မှုတွေကတော့ အရင် ကိုဗစ်လှိုင်းတွေထက် ဆိုးဆိုးရွားရွား မြင့်တက်လာခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ နှင့် မန္တလေးမြို့တွေ အပါအဝင် အခြားမြို့နယ်တွေမှာလည်း ကိုဗစ်ရောဂါကြောင့် သေဆုံးသူတွေကလည်း တစ်နေ့တခြားများလာခဲ့တာကို တွေ့မြင်ကြားသိရပါတယ်။ တချို့မှာဆိုရင်လည်း နေအိမ်တွေမှာ လူမသိသူမသိနဲ့ အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးနေရတဲ့ ဖြစ်ရပ်တွေကိုလည်း စိတ်မကောင်းစွာ မြင်တွေ့နေရပါတယ်။

Photo Credit - ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း
Photo Credit - ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း

ယနေ့ ဇူလိုင်လ(၁၈) ရက်နေ့မှာလည်း စိတ်မကောင်းစရာ သတင်းလေးတစ်ခုကို ထပ်မံကြားသိရပါတယ်။ ဒီသတင်းကတော့ မကွေးမြို့ ၊ စိုးကောမင်း ရပ်ကွက်၊ လမ်းငါးသွယ်အနီးက နေအိမ်တစ်အိမ်မှာ ကိုဗစ်ရောဂါကို ခံစားနေရတဲ့ သူတစ်ဦးဟာ လူမသိသူမသိ မိမိအခန့်ထဲမှာပဲ သေဆုံးနေခဲ့တာ ဖြစ်ပါတယ်။ သေဆုံးနေတဲ့ ရုပ်အလောင်းကိုတော့ မကွေးမြို့၊ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းကပဲ သွားရောက်ကူညီပြီး သယ်ယူပေးခဲ့တာဖြစ်ပါတယ်။

Photo Credit - ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း
Photo Credit - ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း

အဆိုပါ ကိုဗစ်ရောဂါဖြင့် သေဆုံးသွားခဲ့တဲ့ ရုပ်အလောင်းကို သွားယူခဲ့စဥ်မှာလည်း အခန်း တံခါးကိုဂျက်ချထားတာကြောင့် ပရဟိတအသင်းသမားတွေက အမိုးပေါ်ကနေဝင်ရောက်ပြီး ခဲရာခဲဆစ် သယ်ယူခဲ့ရတယ်လို့ ကြားသိရပါတယ်။ ဒီသတင်းလေးကို တွေ့မြင်ကြားသိရတဲ့ ပြည်သူတွေကလည်း များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ပရိသတ်တွေလည်း ကျန်းမာရေးအထူးကောင်းမွန်အောင် ဂရုတစိုက် နေထိုင်သွားလာကြဖို့ သတိပေးပြောကြားရင်း စိတ်မကောင်းစရာ ဒီသတင်းလေးကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း
Photo Credit - ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း

သတင်း အရင်းအမြစ်Source - ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T