ကိုဗစ်လူနာတွေပါလာတာ​​ကို မြောက်ဥက္ကလာဆေးရုံထဲပေးမဝင်တဲ့အပြင် သေနတ်နဲ့ချိန်ထားခံရကြောင်း ပြောပြနေတဲ့ Volunteerတစ်ဦးရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/1b/1bf7faccf4c5830d764ea96727169814f6cda991.jpg
နေ့စဉ်သတင်းများ

 ၁၈-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်လူနာတွေပါလာတာ​​ကို မြောက်ဥက္ကလာဆေးရုံထဲပေးမဝင်တဲ့အပြင် သေနတ်နဲ့ချိန်ထားခံရကြောင်း ပြောပြနေတဲ့ Volunteerတစ်ဦးရဲ့ဗီဒီယိုဖိုင်

ကိုဗစ်တတိယလှိုင်းကို ပြည်သူအများအပြားခံစားနေရပြီး ကိုဗစ်ရောဂါကူးစက်ခံရမှုတွေကြောင့် ပြည်သူတွေလည်း နေ့စဥ်အသက်သေဆုံးလျက်ရှိနေပါတယ်။ ယခင်အစိုးရလက်ထက်ကလို ကိုဗစ်ရောဂါကူးစက်မှုကို စနစ်တကျကိုင်တွယ်ခြင်းမရှိတာနဲ့ပတ်သက်ပြီး ပြည်သူအများအပြားက ဝေဖန်ပြောဆို​မှုတွေ ပြုလုပ်နေကြပါတယ်။ ကိုဗစ်လူနာတွေအနေနဲ့ ဆေးရုံမှာ ဆေးကုသခွင့်မရတဲ့ အခက်အခဲတွေ၊အောက်ဆီဂျင်မရရှိတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။မနေ့ညကတော့ မြောက်ဥက္ကလာဆေးရုံမှာ လူအများစိတ်မကောင်းဖြစ်ဒေါသထွက်ရတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အကြောင်းကတော့ ကိုဗစ်ကူးစက်ခံရတဲ့လူနာတွေတင်ခေါ်လာတဲ့ ပရဟိတကားတွေကို ဆေးရုံထဲလုံးဝပေးမဝင်ဘဲ သေနတ်နဲ့ချိန်ထားခဲ့တာဖြစ်ပါတယ်။ ဆေးရုံဝန်းထဲပေးမဝင်တာကြောင့် လမ်းမပေါ်မှာ ပရဟိတကားတွေတန်းစီပြီး ဒုက္ခရောက်နေရတဲ့အကြောင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ Volunteerတစ်ဦးက ဗီဒီယိုရိုက်ကူးပြီး ပြည်သူတွေသိရှိအောင် မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။အဆိုပါVolunteer တစ်ဦးက " လုံးဝပေးမဝင်ပါဘူးခင်ဗျာ သေနတ်နဲ့ချိန်ထားပါတယ် အသေသတ်နေတာ ကျည်ဆံမကုန်ဘဲ အသေသတ်နေတာ"ဆိုပြီး ​ ပြောဆိုနေ​တာတွေ့ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါဗီဒီယိုဖိုင်ဟာ ကြည့်ရူသူတွေလည်း အလွန်များပြားနေပြီး ဆေးရုံထဲပေးမဝင်ရတဲ့အကြောင်းရင်းကိုတော့ လက်ရှိအချိန်ထိ မသိရှိရသေးပါဘူး။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ Volunteerတစ်ဦးကတော့ " ယခု ည မြောက်ဥက္ကလာဆေးရုံ လူနာတင်ကားများ ပေးမဝင်ပဲ သေနတ် နဲ့ ချိန် ထား "ဆိုပြီး အဆိုပါဗီဒီယိုဖိုင်နဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ဆေးရုံထဲပေးမဝင်တာ​ကြောင့် ဒုက္ခရောက်နေတဲ့ အခြေအနေကို ပြောပြနေတဲ့ Volunteerတစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်ကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T