ကိုဗစ်ရောဂါနဲ့ မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပြီး ရက်လည်နေ့မှာ ဖခင်ဖြစ်သူပါ ထပ်မံဆုံးပါးသွားခဲ့တဲ့ အမွှာမောင်နှမနှစ်ယောက်ရဲ့ ရင်နာစရာဖြစ်ရပ်လေး

//s9.kh1.co/f5/f5394572d4b7d41e6fd84ce4bdbd5433795f30e7.jpg
နေ့စဉ်သတင်းများ

 ၁၈-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမှာ တစ်ကျော့ပြန်ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်ရောဂါဟာ တစ်နေ့တခြား ကူးစက်မှုနှုန်းကလည်း စံချိန်တင်လောက်အောင် မြင့်မားလာခဲ့ပြီး မြန်မာပြည်သူတွေကတော့ ဆိုးဆိုးရွားရွား ခံစားနေရတာဖြစ်ပါတယ်။ ဒီရောဂါဆိုးကြီးကြောင့် ချစ်ရတဲ့သူတွေမျက်စိအောက်မှာပဲ ဆုံးပါးသွားခဲ့ကြရတဲ့ ရင်နာစရာဖြစ်ရပ်လေးတွေကလည်း နေ့စဥ်အမျှလူမှုကွန်ယက်တွေမှာ ကြားသိမြင်တွေ့နေရပါတယ်။ ယခုမှာဆိုရင်လည်း ကြားရသူတွေအဖို့ ပိုပြီးစိတ်မကောင်းဖြစ်စရာကောင်းတဲ့ အမွှာမောင်နှမနှစ်ယောက်ရဲ့ ဖြစ်ရပ်လေးတစ်ခုကလည်း ထပ်မံကြားသိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

လူမမယ်အရွယ် ဇာနည်နဲ့ဇာခြည် အမွှာမောင်နှမနှစ်ယောက်ရဲ့ မိခင်ဖြစ်သူဟာ ကိုဗစ်ရောဂါကို ဆိုးရွားစွာခံစားရပြီးမကြာခင်မှာပဲ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ ပိုပြီးရင်နာစရာကောင်းတာကတော့ မိခင်ဖြစ်သူ ကိုဗစ်ရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီး ရက်လည်နေ့မှာပဲ ဖခင်ဖြစ်သူနဲ့ အဒေါ်ဖြစ်သူတို့လည်း ကိုဗစ်ရောဂါနဲ့ ထပ်မံ ဆုံးပါးသွားခဲ့ပါတယ်။ လက်ရှိမှာတော့ လူမမယ်အရွယ် အမွှာမောင်နှမနှစ်ယောက်ဟာ ကံကြမ္မာရဲ့ မျက်နှာသာမပေးမှုကြောင့် မိဘနှစ်ပါးစလုံးကို ခွဲခွာနေခဲ့ရပြီလည်းဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

ဒီဖြစ်ရပ်လေးကို ကြားသိရတဲ့ ပြည်သူတွေကတော့ မျက်ရည်ကျမတတ် စိတ်မကောင်းဖြစ်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။လက်ရှိမှာတော့ မိဘနှစ်ပါစလုံး မရှိတော့တဲ့ မောင်နှမနှစ်ယောက်ကို ဆွေမျိုးတွေကပဲ ပြုစုစောင့်ရှောက်သွားမယ်လို့လည်း ကြားသိခဲ့ရပါတယ်။ ပရိသတ်တွေလည်း ကျန်ရစ်ခံတဲ့ အမွှာမောင်နှမနှစ်ယောက်ရဲ့ ဖြစ်ရပ်လေးကိုတော့ စိတ်မကောင်းဖြစ်မိမယ်လို့လည်း ထင်မိပါတယ်။ ဒါ့အပြင် အမွှာမောင်နှမနှစ်ယောက်ကို စာသင်ပေးခဲ့ဖူးတဲ့ ဆရာမတစ်ယောက်ကလည်း စိတ်မကောင်းစွာ ပြောပြထားတာကိုလည်း ဖတ်ရှုလို့ရအောင် ပြန်လည်ဖော်ပြပေးထားပါတယ်။

https://s9.kh1.co/__image/w=600,h=793,q=100/c0/c0f1bb330be7b139a150fa698f9c273847dc19be.jpg
https://s9.kh1.co/__image/w=600,h=743,q=100/1e/1e3478334228b1ae9bc7af0764ae8a8edaa4e904.jpg

သတင်း အရင်းအမြစ်Source -Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T