ဒုက္ခရောက်နေရှာတဲ့ ကိုဗစ်လူနာတွေဆီကနေ အခ​ကြေးငွေမယူဘဲ ကိုယ်တိုင်အပင်ပန်းခံပြီး အောက်ဆီဂျင်ဖြည့်ပေးနေကြတဲ့ မြန်မာလူငယ်လေးများ

//s9.kh1.co/74/74878358f0dbb28f863adcffaa8feb3c0985ddd7.jpg
နေ့စဉ်သတင်းများ

 ၁၈-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဒုက္ခရောက်နေရှာတဲ့ ကိုဗစ်လူနာတွေဆီကနေ အခ​ကြေးငွေမယူဘဲ ကိုယ်တိုင်အပင်ပန်းခံပြီး အောက်ဆီဂျင်ဖြည့်ပေးနေကြတဲ့ မြန်မာလူငယ်လေးများ

ကိုဗစ်ရောဂါကူးစက်ခံရတဲ့ လူနာတွေလည်း တိုးလာသလို သေဆုံးသွားတဲ့ ပြည်သူတွေလည်းနေ့စဥ်နဲ့အမျှများပြားလာနေတာ​ကြောင့် Volunteersတွေအနေနဲ့လည်း နေ့မနားညမနားကူညီပေးနေကြပါတယ်။ မြန်မာပြည်သူတွေကလည်း ကိုဗစ်လူနာတွေကို အာဟာရရှိမယ့် စားသောက်ဖွယ်ရာတွေအိမ်ရှေ့အထိသွားရောက်ပို့ပေးပြီး ကူညီပေးနေကြပေမယ့် တစ်ဖက်မှာလည်း တစ်ခြားသောအခက်အခဲတွေကိုရင်ဆိုင်နေရရှာပါတယ်။ ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ လူနာတွေ၊အိမ်အပြင်ထွက်ဖို့ အဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေအနေနဲ့ တန်းစီပြီး အောက်ဆီဂျင်ဖြည့်ဖို့အတွက် အခက်အခဲဖြစ်နေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ အဆိုပါအခက်အခဲရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက် မြန်မာလူငယ်လေးတွေက သူတို့တတ်နိုင်သလောက် ကူညီပေးလာခဲ့ပါတယ်။အဆိုပါလူငယ်လေးတွေက အောက်ဆီဂျင်ဘူးခွံကို အိမ်အထိလာယူပေးပြီး တန်းစီကာ အောက်ဆီဂျင်သွားဖြည့်ပေးတဲ့အပြင် အောက်ဆီဂျင်ဘူးကို ကိုယ်တိုင်ပြန်လာပို့ပေးကြတာဖြစ်ပါတယ်။ လူတိုင်းအခက်အခဲတွေ၊ပြဿနာတွေကြုံတွေ့နေရတဲ့ အခုလိုအချိန်မှာ အခကြေးငွေမယူဘဲ စိတ်စေတနာသန့်သန့်နဲ့ ကူညီပေးနေကြတဲ့ အဆိုပါလူငယ်လေးတွေရဲ့ လုပ်ရပ်ကို ပြည်သူအများအပြားက ချီးကျူးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ကူညီပေးနေတဲ့ အဆိုပါလူငယ်လေးတစ်ယောက်ကတော့ " ခင်ဗျားတို့ တစ်မိသားစုလုံး (P) ဖြစ်နေလို့ဘဲဖြစ်ဖြစ် / အပြင်မှာထွက်ပြီး တန်းစီးဖို့ အဆင်မပြေလို့ဘဲဖြစ်ဖြစ် အခက်အခဲတခုခုရှိပါက ဖုန်းလေးသာဆက်လိုက်ပါ ကျွန်တော်တို့က ခင်ဗျားတို့အိမ်အထိကိုယ်တိုင်လာပြီး oxygen အခွံလာယူပေးမယ်, ကျွန်တော်တို့ကိုယ်တိုင် သွားတန်းစီးပြီး oxygen သွားဖြည့်ပေးမယ်, ပြီးရင် ကျွန်တော်တို့ကိုယ်တိုင် ခင်ဗျားအိမ်လာပြီး ဖြည့်ပြီးသား oxygen ကိုပြန်လာပို့ပေးပါမယ်ဗျာ့ ဝန်ဆောင်ခပေးစရာမလိုပါဗျာ့ အားလုံးကျန်းမာကြစေသား (09451378279) (09989104713) (09445873113) (09958868299) " ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လူငယ်လေးတွေတောင်အခုလိုကူညီပေးနေကြတဲ့အချိန် ပြည်သူတွေအနေနဲ့လည်း ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့လူနာတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T