မန္တလေးမြို့ ပုလဲပရဟိတဖောင်ဒေးရှင်းတွင်အောက်ဆီဂျင်ရရှိဖို့အတွက် နေ့စဉ်နဲ့အမျှတန်းစီနေရတဲ့ လူအုပ်ကြီးရဲ့မြင်ကွင်း

//s9.kh1.co/9c/9c580774b364b3e54d19c9fc0dcf25ab5bf86d8d.jpg
နေ့စဉ်သတင်းများ

 ၁၇-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံအတွင်းမှာ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်တတိယလှိုင်းကတော့ ကူးစက်မှုနှုန်းမြန်ဆန်နေတာဖြစ်လို့ရောဂါဖြစ်ပွားသူ ထောင်ချီရှိနေတာဖြစ်ပါတယ်။ ဒါ့ပြင် ကိုဗစ်ကြောင့်သေဆုံးသူတွေလည်း တစ်နေ့ကို လူ(၈၀)ထက်မနည်း ဆုံးပါးနေတာကြောင့် မီးသင်္ဂြိုလ်မယ့်နေရာတွေမှာ ရုပ်အလောင်းတွေပြည့်နှက်နေတာလည်း တွေ့မြင်ရပါတယ်။ ပြည်သူလူထုကတော့ ကိုဗစ်တတိယလှိုင်းမှာလည်း အချင်းချင်း ကူညီစောင့်ရှောက်ပေးပြီး ကျန်းမာရေးနဲ့အညီနေထိုင်စားသောက်ကြဖို့ တိုက်တွန်းနေကြတာလည်း ဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ယခုလတ်တလောအခြေအနေကတော့ ကိုဗစ်လူနာတွေများပြားလာတာကြောင့် အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။စေတနာရှင်တွေကလည်း အောက်ဆီဂျင်လောက်ငှဖို့အတွက် တတ်နိုင်တဲ့နေရာကနေကူညီလှူဒါန်းပေးနေကြတာဖြစ်ပါတယ်။ အောက်ဆီဂျင်လှူဒါန်းပေးတဲ့နေရာတွေမှာလည်း နေ့ရောညပါလာရောက်တန်းစီနေကြတဲ့သူတွေနဲ့ ပြည့်နှက်နေပြီး ပြည်သူတွေမှာဆင်းရဲဒုက္ခမျိုးစုံနဲ့ တွေ့ကြုံခံစားနေကြရတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မြို့နယ်တိုင်းလိုလိုမှာလည်း အောက်ဆီဂျင်ရရှိဖို့အတွက် ကြိုးပမ်းနေကြရပြီး မန္တလေးမြို့ရှိပုလဲပရဟိတဖောင်ဒေးရှင်းမှာလည်း အောက်ဆီဂျင်ရရှိဖို့အတွက် နေ့စဉ်နဲ့အမျှပြည်သူတွေတန်းစီစောင့်ဆိုင်းနေကြရပါတယ်။ အခုလိုတန်းစီနေရတဲ့ မြင်ကွင်းတွေဟာလည်း လူမှုကွန်ယက်စာမျက်နှာထက်တွေမှာ ချက်ချင်းပျံ့နှံ့ခဲ့တာကိုတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T