ဟင်းချက်စရာတွေကို အိမ်ရှေ့တွေမှာ လိုက်ချိတ်ပေးကာ မွန်မြတ်တဲ့ အလှူလေး ပြုလုပ်ခဲ့တဲ့ မကွေးမြို့က ပြည်သူတစ်ဦး

//s9.kh1.co/07/075e32e084d1a0060ebd1d2fec46729cfb297a65.jpeg
နေ့စဉ်သတင်းများ

 ၁၇-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.....

မတည်ငြိမ်နိုင်သေးတဲ့ နိုင်ငံရေး အခြေအနေတွေအပြင် ကိုဗစ်ရောဂါ ကပ်ဆိုးကြီးကြောင့် မြန်မာနိုင်ငံ အနှံအပြားရှိ ပြည်သူတွေက အခက်အခဲတွေ မျိုးစုံကို ကြုံတွေ့နေရပါတယ် ။ ပြည်မမှာလည်း အလုပ်အကိုင်တွေ ရပ်နားထားရတာကြောင့် စားဝတ်နေရေး ခက်ခဲနေကြသလို တောင်တန်းဒေသတွေမှာလည်း တိုတ်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်​တွေလည်း များပြားစွာရှိနေပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

ဒီလို အခြေအနေတွေမှာ အားလုံးက တစ်ယောက်အခက်အခဲကို တစ်ယောက် ဖြေရှင်းပေးရင်း အကောင်းဆုံး ကျော်ဖြတ်နေကြတာလည်းဖြစ်ပါတယ်။ လူတိုင်းကတော့ ကိုယ်စီ ဒုက္ခတွေကို ရင်ဆိုင်နေရပေမယ့် လျှောက်လှမ်းနေကြတဲ့ ပန်းတိုင်က တူညီနေလို့ လက်တွဲ ညီညီနဲ့ ကူညီဖေးမရင်း အားတင်းထားကြတာပါ ။ ခုဆိုရင် စားဝတ်နေရေး အဆင်မပြေဖြစ်နေကြတဲ့ ပြည်သူတွေ အတွက် စေတနာရှင်တွေ ပူးပေါင်းပြီး လှူဒါန်းမှုတွေ မျိုးစုံ ပြုလုပ်ပေးလျက်ရှိပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

အခုလည်း မကွေးမြို့ တစ်နေရာမှာ အိမ်တိုင်းလိုလိုရဲ့ အရှေ့တွေမှာ ဟင်းချက်စရာများကို လိုက်ချိတ်ပေးနေတဲ့ အလှူပို့စ်တစ်ခု တွေ့ရပါတယ် ။ တကယ်ကို မွန်မြတ်ပြီး ကြည်နူးစရာ မြင်ကွင်းလေးပါပဲနော် ။ နည်းသည် များသည်ဖြစ်စေ ခဏတာပဲဖြစ်ဖြစ် အဆင်ပြေသွားရင်ကို အလှူရှင်အဖို့ ပီတိဖြစ်စရာပဲမဟုတ်လား ။ ပရိသတ်ကြီးအတွက် မကွေးမြို့တစ်နေရာက ချစ်စရာကောင်းတဲ့ ဒီအလှူလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T