အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ဘဝရဲ့ နောက်ဆုံးအချိန်ကို တရားအားထုတ်ရင်း ငြိမ်းချမ်းစွာအနားယူသွားတဲ့ အဘိုးတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/0c/0c0d98051511aa73d375f60947dc399c307c672c.jpeg
နေ့စဉ်သတင်းများ

 ၁၇-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ကိုဗစ်တတိယလှိုင်းကတော့ မြန်မာပြည်မှာ အခြေအနေတွေဆိုးရွားနေပြီး ပြည်သူတွေမှာ နေ့စဉ်နဲ့အမျှ သေဆုံးသူတွေ များပြားနေတာ ဖြစ်ပါတယ်..။

အောက်ဆီဂျင် ပြတ်လပ်မှုတွေအပါအဝင် ဆေးကုသမှု မရတာတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနေကြရတဲ့ လူနာတွေမှာ ရောဂါရဲ့ ဖိစီးမှုဒဏ်တွေကို အလူးအလဲ ခံစားနေကြရတာပါ..။

Photo Credit - Original Uploader
Photo Credit - Original Uploader

ကိုဗစ်ရောဂါကူးစက်ခံရပြီး ပြန်ကောင်းလာတဲ့ လူနာတွေလည်းရှိပေမယ့် သေဆုံးမှုတွေဟာ များလွန်းတာကြောင့် သဂြိုလ်ဖို့တောင် တန်းစီစောင့်ဆိုင်းနေကြရတဲ့ အနေအထားပါ..။

သက်ကြီးရွယ်အိုနဲ့ ရောဂါအခံရှိသူတွေ ကူးစက်ခံရတဲ့အခါ စိုးရိမ်ရပြီး အခုတစ်ခါမှာလည်း ရောဂါခံစားနေရတဲ့အဖိုးတစ်ယောက်ဟာ သူ့ရဲ့နောက်ဆုံးအချိန်မှာ တရားအားထုတ်ရင်း ငြိမ်းချမ်းစွာ အနားယူသွားခဲ့ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

အဖိုးကတော့ ရောဂါဝေဒနာရဲ့ ဖိစီးနှိပ်စက်မှုတွေကို အံတုရင်း သူ့ရဲ့နောက်ဆုံးအချိန်မှာ ဘုရားတရားကို အာရုံပြုကာ တရားအားထုတ်ရင်း အေးချမ်းစွာ အနားယူသွားတာကြောင့် လေးစားစရာကောင်းသလို ချီးကျူးသာဓုခေါ်စရာလည်း ကောင်းလွန်းပါတယ်..။

ပြည်သူတွေအနေနဲ့ လက်ရှိအခြေအနေတွေမှာ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းရင်း အဖိုးရဲ့ ဗီဒီယိုင်လေးကို တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T