ရန်ကုန်ဆေးရုံကြီးမှာ ဘာဆေးဖိုးမှမပါဘဲ ဆေးရုံတက်ခွင့်ရဖို့ကိုပဲ ပိုက်ဆံ(၈)သိန်းပေးရတယ်ဆိုပြီး ရင်ဖွင့်လာတဲ့ပြည်သူတစ်ဦး

//s9.kh1.co/dd/dd7f59d8072fd2b48c015f53b148e639a0624970.jpeg
နေ့စဉ်သတင်းများ

 ၁၇-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ရန်ကုန်ဆေးရုံကြီးမှာ ဘာဆေးဖိုးမှမပါဘဲ ဆေးရုံတက်ခွင့်ရဖို့ကိုပဲ ပိုက်ဆံ(၈)သိန်းပေးရတယ်ဆိုပြီး ရင်ဖွင့်လာတဲ့ပြည်သူတစ်ဦး

မနေ့ကဆိုရင်တော့ မြန်မာနိုင်ငံအတွင်းမှာ ကိုဗစ်လူနာသစ် (၆၁၉၄) ဦးရှိခဲ့ပြီး သေဆုံးလူနာ (၁၉၀)ဦး ရှိခဲ့ပါတယ်။ကိုဗစ်ကူးစက်​ရောဂါပြန့်ပွါးမှုနှုန်းကတော့ အရမ်းမြန်ဆန်ပြီး လူနာတွေလည်း များပြားလာပါတယ်။ပြည်သူလူထုလည်း ဒီအခြေအနေမှာ အဟာရပြည့်ဝအောင်စားသောက်နေထိုင်ပြီး ကျန်းမာရေးအတွက် အထူးဂရုစိုက်နေရတာပဲဖြစ်ပါတယ်။အမြို့မြို့၊အနယ်နယ်က ဆေးရုံတွေမှာလည်း လူနာတွေနဲ့ပြည့်နှက်နေလို့ ကုတင်တွေတောင်မဆန့်တော့ဘူးလို့ ကြားသိရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ရန်ကုန်ဆေးရုံကြီးမှာဆိုရင်လည်း တစ်နေ့ကို လူနာတွေအများကြီး ကုသပေးနေရတာဖြစ်ပြီး နေရာမရှိတော့လို့အပြင်မှာပဲ စောင့်ဆိုင်းနေရတာတောင်ရှိပါတယ်။ပြည်သူတွေခမျာ ဒီအကြပ်အတည်းကို အားတင်းပြီးရင်ဆိုင်နေကြရတာဖြစ်ပါတယ်။လတ်တလောမှာတော့ အလှူရှင်တွေလှူဒါန်းထားတဲ့ အောက်ဆီဂျင်ကားကြီးတွေကလည်းမြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီဖြစ်လို့ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်တော့ စိတ်အေးရပြီဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်တော့ ပြည်သူတစ်ဦးက ရန်ကုန်ဆေးရုံကြီးမှာ ဆေးရုံတက်ခွင့်ရဖို့ကိုပဲ ပိုက်ဆံ (၈)သိန်းပေးရတယ်ဆိုပြီးရင်ဖွင့်လာတာဖြစ်ပါတယ်။ပေးရတဲ့ ပိုက်ဆံ (၈)သိန်းကလည်း ဆေးဖိုးလုံးဝမပါဘဲ ကုသခွင့်ရဖို့အတွက်ပဲဖြစ်ပါတယ်။ပြည်သူတွေလည်း ဒီလိုကြုံတွေ့နေရတဲ့အခြေအနေကြီးကို စုပေါင်းအင်အားနဲ့သာ ဖြတ်ကျော်နေရတာဖြစ်ပါတယ်။စီးပွါးရေးကြပ်တည်းနေတဲ့ကာလမှာတောင် ရောဂါဖြစ်လာရင် ပိုက်ဆံတတ်နိုင်မှ အဆင်ပြေမယ့်အကြောင်းလေးကို စိတ်မကောင်းစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T