ကိုဗစ်ရောဂါကြောင့် အောက်ဆီဂျင်ပြတ်လပ်ကာ တိုက်ခန်းထဲမှာ ဘယ်သူမှ မသိဘဲ သေဆုံးနေရှာတဲ့ အဖွားတစ်ဦးရဲ့ စိတ်မကောင်းစရာ ဗီဒီယိုဖိုင်

//s9.kh1.co/6e/6e87f86f7e03854da90b7ffcbda385d9441cef8b.jpeg
နေ့စဉ်သတင်းများ

 ၁၇-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

Covid -19 ကပ်ရောဂါဆိုး​ကြီးကြောင့် ကိုယ်ချစ်ခင်ရသူတွေရဲ့ အသက်တွေ များစွာ ဆုံးရှုံးနေကြရတာကို စိတ်မကောင်းစွာ တွေ့နေရပါတယ် ။ တစ်ရက်ထဲမှာပဲ သေဆုံးနေကြသူတွေ များပြားလွန်းလို့ မီးသင်္ဂြိုဟ်ဖို့တောင် မနိုင်တဲ့ အထိပါပဲ ။ ဘယ်သူမဆို  ကိုယ့် တန်ဖိုးထားရတဲ့ မိသားစုတွေကို မဆုံးရှုံးချင်ကြပါဘူး ။ ဒါကြောင့်လည်း ကုသရမယ့်နေရာတွေ မရှိပေမယ့်လည်း အိမ်မှာပဲ အစွမ်းကုန် ပြုစုပေးနေကြတာတွေလည်း တွေ့ရပါတယ် ။

Photo Credit : ရဲသူရိန် Facebook Account
Photo Credit : ရဲသူရိန် Facebook Account

ဒီလို မိသားစုဝင်တွေ ရှိလို့ အချင်းချင်းပြုစုစောင့်ရှောက်ပေးနေကြသူတွေ ရှိနေသလို တစ်ကိုယ်တည်း နေနေရလို့ ရောဂါဖြစ်ရင်တောင် ဘယ်သူမှမသိဘဲ အသက်ဆုံးရှုံးနေရသူတွေ ရှိနေပါတယ် ။ မနေ့ညကဆိုရင်လည်း စမ်းချောင်း ဂန္ဓမာလမ်းတိုက်ခန်းမှာ တစ်ယောက်တည်းနေတဲ့ အဖွားတစ်ယောက်ကို အပြင်ကနေ ခေါ်မရတာကြောင့် တံခါးရိုက်ဖွင့်ပြီး ဝင်ကြည့်ရာ ထိုင်ခုံပေါ်မှာ သေဆုံးနေရတာကို တွေ့ရပါတယ် ။

Photo Credit : ရဲသူရိန် Facebook Account
Photo Credit : ရဲသူရိန် Facebook Account

​ပရိဟိတ အသင်းသားတွေရဲ့ ပြောပြချက်အရ သေဆုံးသူမှာ ကိုဗစ်ကူးစက်ခံရပြီး အောက်ဆီဂျင်ပြတ်လပ်ကာ သေဆုံးခဲ့တာလို့ ဆိုရပါတယ် ။ ပါးစပ်လည်း ဟနေပြီး ခြေထောက်တွေလည်း ပြာနေတယ်လို့ သိရပါတယ် ။ ဘယ်လောက်တောင် ရင်ကွဲစရာကောင်းတဲ့ ဖြစ်ရပ်တွေလည်းနော် ။ ပရိသတ်ကြီးအတွက် ဒီ အဖွားရဲ့ စိတ်မကောင်းစရာ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးရင်း အဖွားလည်း ကောင်းရာ သုဂတိလားပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T