လူနာဖခင်ကိုစောင့်ရှောက်ရင်း ရောဂါကူးပြီး ခုံပေါ်မှာထိုင်လျက်သေဆုံးသွားရသော ရင်နာစရာကောင်းလွန်းတဲ့ သားအဖနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/c4/c48afc0ce9eea76f16dc421c8af6450abb02b0a8.jpeg
နေ့စဉ်သတင်းများ

 ၁၇-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

မြန်မာပြည်အတွင်း Covid 19 ရောဂါရဲ့ ကူးစက်ပြန့်ပွားမှုတွေကတော့ တနေ့တခြား ဆိုးရွားလာပြီး သေဆုံးသူအရေအတွက်တွေကလည်း များပြားလာပြီ ဖြစ်ပါတယ်..။

အောက်စီဂျင်ပြတ်လပ်မှုတွေကလည်း ပြည်သူတွေအပေါ် ထိုးနှက်ကာ လက်ရှိအခြေအနေတွေထိ လုံလောက်တဲ့ ဆေးကုသမှုတွေ မရှိသေးတာကြောင့် လူနာတွေဟာ နေအိမ်တွေမှာပဲ သေဆုံးနေကြရတာ တွေ့ရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader

ရန်ကုန်၊ ဒဂုံမြို့သစ် အရှေ့ပိုင်း နေအိမ်တစ်အိမ်မှာလည်း သားအဖနှစ်ယောက်လုံး အောက်ဆီဂျင်ပြတ်ပြီး သေဆုံးသွားခဲ့ရတာကို စိတ်မကောင်းစွာ မြင်တွေ့ရပါတယ်..။

သားအဖနှစ်ယောက်တည်း နေထိုင်ပြီး လူနာဖခင်ကို ပြုစုစောင့်ရှောက်ရင်း ရောဂါကူးကာ သားဖြစ်သူကပါ ခုံပေါ်မှာ ထိုင်လျက်သား သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

သားဖြစ်သူမှာ အောက်ဆီဂျင်တိုင်းတဲ့ အောက်ဆီမီတာစက်လေး ဘေးမှာ ချပြီး ထိုင်လျက်သား အသက်ဆုံးသွားရသလို ဖခင်ဖြစ်သူမှာလည်း အိပ်ခန်းထဲက ကုတင်ပေါ်မှာ သေဆုံးနေတာ ဖြစ်ပါတယ်..။

အောက်ဆီဂျင်ပြတ်တဲ့ ပြဿနာတွေကြောင့် သေဆုံးသွားရတဲ့ ရင်နာစရာ အဖြစ်အပျက်တွေကတော့ မြန်မာပြည်မှာ တကယ်ကို များပြားနေပြီ ဖြစ်တာကြောင့် ပြည်သူအားလုံး ကျန်းမာရေးကို ဂရုစိုက်ကာ ကြိုတင်ကာကွယ်ပြီး နေထိုင်ကြပါနော်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T