ပရဟိတအလုပ်တွေကို သက်စွန့်ဆံဖျားလုပ်ဆောင်ရင်း ကိုဗစ်ကူးစက်ရောဂါကြောင့် သေဆုံးသွားခဲ့ရတဲ့ ကိုစွမ်းပြည့်ရဲ့နောက်ဆုံးခရီးပုံရိပ်များ

//s9.kh1.co/d5/d55672453961e027f70ebddc84ce976f3b36a13e.jpeg
နေ့စဉ်သတင်းများ

 ၁၇-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ပရဟိတအလုပ်တွေကို သက်စွန့်ဆံဖျားလုပ်ဆောင်ရင်း ကိုဗစ်ကူးစက်ရောဂါကြောင့် သေဆုံးသွားခဲ့ရတဲ့ ကိုစွမ်းပြည့်ရဲ့နောက်ဆုံးခရီးပုံရိပ်များ

ဒီကာလမှာ ပြည်သူတွေရဲ့အခက်အခဲကို ကူညီဖြေရှင်းပေးနေကြတဲ့သူတွေကတော့ ပြည်သူတွေပဲဖြစ်ပါတယ်။တစ်ကိုယ်တော်ပရဟိတသမားတွေလည်း ထွက်ပေါ်လာပြီး စေတနာ၊မေတ္တာ၊ဂရုဏာတွေနဲ့ ပြည်သူအချင်းချင်းကာကွယ်စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။ဒါ့အပြင် ပရဟိတအဖွဲ့အစည်းတွေကလည်း ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ပြည်သူတွေအတွက် တစ်ထောင့်တစ်နေရာကနေရှိပေးနေကြတာဖြစ်ပါတယ်။ပရဟိတလူငယ်တွေကလက်ရှိအခြေအနေမှာ ကိုဗစ်နဲ့ကျည်ဆံတွေကို အံတုပြီး ပရဟိတအလုပ်တွေကို လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း ပရဟိတလူငယ်လေးတစ်ဦးဖြစ်တဲ့ ကိုစွမ်းပြည့်က မန္တလေးတိုင်း၊မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှာ ပရဟိတလုပ်လာတာ အချိန်အတော်ကြာနေပြီဖြစ်ပါတယ်။စိတ်သဘောထားပြည့်ဝပြီး ကူညီချင်စိတ်ရှိတဲ့ကိုစွမ်းပြည့်က အခုဆိုရင်တော့ ကိုဗစ်ကူးစက်ခံရပြီး အဲ့ဒီရောဂါနဲ့ပဲ ကွယ်လွန်သွားရှာပြီဖြစ်ပါတယ်။ကိုစွမ်းပြည့်နဲ့ရင်းနှီးခင်မင်တဲ့ မိတ်ဆွေ၊သူငယ်ချင်းတစ်ချို့ကလည်း ကျည်ဆန်တွေကြားမှမသေဘဲ ကိုဗစ်ကြောင့်သေသွားရလို့အရမ်းဝမ်းနည်းနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုစွမ်းပြည့်ရဲ့ နောက်ဆုံးခရီးကိုလည်း မိတ်ဆွေအများအပြားက လိုက်ပါပို့ဆောင်ပေးကြတာဖြစ်ပါတယ်။အသက်ရှိနေစဉ်ကာလတစ်လျှောက်လုံး အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ ကိုစွမ်းပြည့်ကတော့ သူချစ်တဲ့ပရဟိတအလုပ်ကို စွန့်ခွါသွားခဲ့ပြီဖြစ်ပါတယ်။အခုလိုမျိုး နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ အကျိုးပြုနေတဲ့ ပရဟိတလူငယ်လေး ကိုစွမ်းပြည့် ကြွေလွင့်သွားတာကြောင့် ပြည်သူတွေလည်း မိသားစုနဲ့ထပ်တူ ဝမ်းနည်းနေရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T